DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင် ​မျှော်လင့်​ချက်အသစ်များ​ရှိ​နေ​ကြောင်း​ အိုဘား​မား​ပြော
DVB
·
January 25, 2012
မြန်မာပြည်တွင် ​မျှော်လင့်​ချက်အသစ်များ​ရှိ​နေ​ကြောင်း​ အိုဘား​မား​ပြော
Donate to DVB

[caption id="attachment_20367" align="alignleft" width="300" caption="ဘားရတ်အိုဘားမား (ဓာတ်ပုံ-ရိုက်တာ)"][/caption]

မြန်မာပြည်နဲ့​ ဆက်ဆံ​ရေး​သစ်က​နေ ​မျှော်လင့်​ချက်အသစ်​တွေ ရှိ​နေတယ်လို့​ အမေရိကန်သမ္မတ ဘား​ရတ်အိုဘား​မား​က နိုင်ငံ​တော်မိန့်​ခွန်း​မှာ ထည့်​သွား​ပြောကြား​သွား​ပါတယ်။

အ​မေရိကန် ပူး​တွဲ ကွန်ဂရက်လွှတ်​တော်ကို မ​နေ့​က ​ပြောကြား​တဲ့​ မိန့်​ခွန်း​မှာ အိုး​ဘား​က “အ​မေရိကန်ဟာ ပစိဖိတ်​ဒေသရဲ့​ အင်အား​ဖြစ်ပြီး​၊​ မြန်မာပြည်နဲ့​ဆက်ဆံ​ရေး​သစ်ကလည်း​ ​မျှော်လင့်​ချက် အသစ်​တွေကို ​ဆောင်ကြဉ်း​နိုင်ခဲ့​တယ်” လို့​ ​ပြောပါတယ်။

အ​မေရိကန်သမ္မတ ဘား​ရတ်အိုဘား​မား​က သူသမ္မတဖြစ်တဲ့​ ၂၀၀၈ ခုနှစ် ​နောက်ပိုင်း​မှာ အရင် အ​မေရိကန်အစိုး​ရ အဆက်ဆက်က ချမှတ်ထား​တဲ့​ မြန်မာအစိုး​ရအ​ပေါ် ဒဏ်ခတ်ပိတ်ဆို့​မှုအပြင် ထိ​တွေ့​ဆက်ဆံ​ရေး​ ​ပေါ်လစီကိုပါ တပြိုင်နက် ကျင့်​သုံး​ခဲ့​တာပါ။

အ​မေရိကန်အစိုး​ရအ​နေဖြင့်​ ဒီမိုက​ရေစီနဲ့​ လူ့​ဂုဏ်သိက္ခာဘက်က​နေ ရပ်တည်သွား​မယ်လို့​ အိုဘား​မား​က သူ့​မိန့်​ခွန်း​မှာ ထည့်​ပြောပါတယ်။

“တည်ငြိမ်ပြီး​ ခိုင်မာတဲ့​ ဒီမို​ကရေစီစနစ်ကို ​ရှေး​ရှုပြီး​ ပွင့်​လင်း​တဲ့​ ​ဈေး​ကွက်စနစ်ကို ​ဖော်​ဆောင်မယ့်​ ​ပေါ်လစီ​တွေကို ကျ​နော်တို့​ အ​မေရိကန်အစိုး​ရက ဆက် ​ထောက်ခံသွား​ပါမယ်။ အာဏာရှင်စနစ်ဟာ လွတ်လပ်မှုနဲ့​ သဟဇာတ မဖြစ်ပါဘူး​။”

အ​မေရိကန်အစိုး​ရဟာ မြန်မာပြည်ကို နှစ်​ပေါင်း​ ၅၀ ​ကျော်ကြာ အဆင့်​မြင့်​ သံတမန် ဆက်ဆံ​ရေး​ ဖြတ်​တောက်ထား​ရာက​နေ ဒီဇင်ဘာအတွင်း​က အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟယ်လာရီကလင်တန်ကို ပြန်လည်​စေလွှတ်ခဲ့​ပြီး​ မကြာခင်မှာ မြန်မာပြည်ဆိုင်ရာ အ​မေရိကန်သံတမန်ကိုလည်း​ ပြန်လည်ခန့်​အပ်ဖို့​ ​ကြေညာထား​ပါတယ်။

မြန်မာပြည်အ​ပေါ် ဒဏ်ခတ်ပိတ်ဆို့​ထား​တွေ ပြန်လည်ရုပ်သိမ်း​ဖို့​ ကိစ္စကိုလည်း​ ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲ အပြီး​မှာ သုံး​သပ်သွား​ဖို့​ ရှိတယ်လို့​ ​ပြောဆိုထား​ပါတယ်။

သူ့​ရဲ့​ နိုင်ငံ​တော် မိန့်​ခွန်း​မှာ သမ္မတအိုဘား​မား​က အ​မေရိကန် ကျဆုံး​နေပြီဆိုတဲ့​ သုံး​သပ်ချက်​တွေဟာလည်း​ နား​မလည်လို့​ ​ပြောတာဖြစ်ပြီး​ အ​မေရိကန်ဟာ ကမ္ဘာ့​အ​ရေး​အရာ​တွေမှာ မရှိမဖြစ်တဲ့​ နိုင်ငံတခုအဖြစ် ဆက်ရှိနေပြီး​ သူသမ္မတအဖြစ် တာဝန်ယူ​နေတဲ့​အချိန်မှာ ဒီအတိုင်း​ ဆက်ထိန်း​သွား​ဖို့​ ရည်ရွယ်တယ်လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013