Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်စိုက်ပျိုးသည့် ချယ်ရီပင်များ ဖျက်ဆီးခံရ၊ အမှုဖွင့်တိုင်ကြား
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 28, 2017
မြန်မာ-ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ စိုက်ပျိုးထားတဲ့ ချယ်ရီပင်တွေ ဖျက်ဆီးခံရမှုကို အရေးယူဆောင်ရွက်ပေးဖို့ အမှုဖွင့်တိုင်ကြားထားပါတယ်။ အဲဒီလို ဖျက်ဆီးခံရမှုကြောင့် နေပြည်တော်စည်ပင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းချစ်က ဧပြီလ ၂၇ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့တာလို့ ဇမ္ဗူသီရိမြို့နယ် မြို့မရဲစခန်း အမှတ် (၁) ကနေ သိရပါတယ်။ နေပြည်တော်၊ ကြာပန်းအဝိုင်းကနေ လွှတ်တော်သွားရာ ဗိုလ်ရှုသဘင်ခန်းမအနီး (အဓိပတိလမ်းအနီး ပေ ၁၀၀ ခန့်အကွာမှာရှိတဲ့) မှာ စိုက်ပျိုးထားတဲ့ ချယ်ရီပင်တွေထဲက ၇ ပင် အား ချိုးဖဲ့ ဖျက်ဆီးခံခဲ့ရတာပါ။ အဲဒီချယ်ရီပင်တွေ စိုက်ပျိုးမှုမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းလောက်က ချယ်ရီပင် ၁၀၀ လောက်ကို စိုက်ပျိုးထားခဲ့တာ ဖြစ်ပါတယ်။ ချယ်ရီပင် ချိုးဖဲ့ဖျက်ဆီးမှုကို (ပ)၂၁၀/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁) အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေမှာဆိုရင် ၆(၁)ဟာ ကျူးလွန်သူကို ၇ လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကြိမ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ကြိမ်ဒဏ် နှစ်ရပ်လုံးအပြင် ငွေဒဏ်ပါ တစ်ပေါင်းတည်းကျခံစေရန် ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024