A d v e r t i s e m e n t With Us

လူသန်းပေါင်းများစွာကို ဖမ်းစားနိုင်သည့် ကင်ဆာဝေဒနာသည် ကလေးငယ်၏ အက (ရုပ်သံ)

ချီလီနိုင်ငံသူ ကင်ဆာရောဂါသည် ကလေးမ ဆေးရုံကုတင်ပေါ်မှာ ကနေပုံ ရုပ်သံတခု အင်တာနက်ပေါ်မှာ ရေပန်းစားနေပါတယ်။ ချီလီနိုင်ငံသူ ၁၀ နှစ်သမီးအရွယ် ကင်ဆာရောဂါသည်လေး ဒါလီ လေဗီယန်တီ ဆေးရုံကုတင်ပေါ်မှာ ကနေတဲ့ ရုပ်သံဟာ အင်တာနက်ပေါ်မှာ သန်းနဲ့ချီတဲ့ လူတွေရဲ့ နှလုံးသားကို ဖမ်းစားနေပါတယ်။ ချီလီနိုင်ငံတောင်ပိုင်း ပွယ်တိုမွန့်တ်မြို့ဆေးရုံက ကလေးကင်ဆာကုသဆောင်ထဲမှာ ဒါလီဟာ ပွာတိုရီကို ဘဲလေးအဆိုတော်ရဲ့ သီချင်းနဲ့ ကခုန်နေခဲ့တာပါ။ မနှစ်က အောက်တိုဘာမှာ ဒါလီဟာ အဆင့် ၄ ဦးနှောက်ကင်ဆာအတွက် ကုသမှု ခံယူခဲ့ပါတယ်။ အဆင့်လေးဟာ အတော်လေး ရောဂါကျွမ်းနေတဲ့အဆင့်ပါ။ ဒါလီကတော့ အကောင်းဘက်ကို ရှုမြင်ထားပြီး တခြား နာမကျန်းကလေးငယ်တွေအတွက် အားတက်စရာ သတင်းစကားတွေ ပြောနေပါတယ်။ မျှော်လင့်ချက်ကို မစွန့်လွှတ်ဖို့၊ ဆက်ပြီး ပျော်ပျော်နေဖို့နဲ့ ပြုံးဖို့ မမေ့ဖို့တွေကိုလည်း ပြောနေခဲ့ပါတယ်။ ပျော်ရွှင်မှုကူးစက်ရေးအဖွဲ့ဝင် ဒေါက်တာ ပစ်နစ်ကာက သူ့ကုထုံးဟာ ကလေးတွေနဲ့ မိဘတွေအတွက် ဆေးရုံပေါ်မှာနေချိန် စိတ်ညစ်ညူးမှုကို လျော့ပါးအောင် လုပ်ပေးဖို့ ရည်ရွယ်တယ်။ သူတို့ စိတ်အင်အားကို မြှင့်တင်ပေးဖို့ပဲလို့ ပြောပါတယ်။ ဒါလီကတော့ အကောင်းမြင်မှု ဆက်ရှိနေအောင် လူတိုင်းကို ပြခဲ့ပြီးပြီလို့ ပြောပါတယ်။ ဒါလီကိုကုသဖို့ မိသားစုဟာ စီးပွားရေးပြဿနာကို အသည်းအသန် ရင်ဆိုင်နေရတယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံပါတယ်။ ဒီအတွက် ငွေရဖို့ ပရဟိတပွဲစဉ် အတော်များများကို သူ့မိသားစုက စီစဉ်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက သတင်းပေးပို့ပါတယ်။ ဖွန်စီလို့ခေါ်တဲ့ လူမှုကွန်ရက် မီဒီယာအကောင့်က ဒါလီရဲ့ကနေပုံ ရုပ်သံကို မျှဝေခဲ့တဲ့အခါ ကြည့်ရှုသူ အယောက် ၆ သန်းနီးပါးထိ ရှိနေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up