A d v e r t i s e m e n t With Us

အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ဒေါ်အောင်ဆန်းစုကြည်ဖိလစ်ပိုင်နိုင်ငံထွက်ခွာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး  တက်ရောက်ဖို့  ဖိလစ်ပိုင်နိုင်ငံကို ဒီကနေ့မနက် ၉ နာရီကျော်လောက်က  နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ စီမံဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အာဆီယံရေး ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ အဆင့်မြင့်အရာရှိကြီးတွေ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေ လိုက်ပါသွားတယ်လို့ဆိုပါတယ်။ ဓာတ်ပုံ - Ministry of Foreign Affairs Myanmar

A d v e r t i s e m e n t With Us

More News
Up