Home
မြန်မာသတင်း
တောင်ကုတ်-သံတွဲကားလမ်းတွင် ဆိုင်ကယ်နှင့်ကားတိုက်၊ ၂ ဦး သေဆုံး
DVB
·
April 27, 2017
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တောင်ကုတ်-သံတွဲလမ်း မိုင်တိုင်အမှတ် ၈/၂ မုတ်ကျေးရွာအနီးမှာ ဧပြီ ၂၇ ရက်နေ့က မြေသယ်တဲ့ တေဘာအမျိုးအစားကားနဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိလို့ နှစ်ဦး သေဆုံးသွားပါတယ်။ သံတွဲဘက်ကလာတဲ့ တေဘာအမျိုးအစား မြေသယ်ကားနဲ့ တောင်ကုတ်ဘက်က မောင်းလာတဲ့ ဆိုင်ကယ်တို့ မျက်နှာဆိုင်တိုက်လို့ ဆိုင်ကယ်မောင်းလာတဲ့ လူငယ် နှစ်ဦး သေဆုံးသွားတယ်လို့ တောင်ကုတ်မြို့မရဲစခန်းမှ ရဲအုပ်ဝင်းလွင်က ဒီဗွီဘီကိုပြောပါတယ်။ “ဒီမနက် ၁၂ နာရီဝန်းကျင်လောက်ကဖြစ်တာပါ။ တောင်ကုတ်ဘက်က-သံတွဲဘက်ကိုသွားတဲ့ တေဘာ အမျိုးအစား မြေသယ်ကားနဲ့သံတွဲက တောင်ကုတ်ကို လာတဲ့ ဆိုင်ကယ်မျက်နှာဆိုင်တိုက်တာ။ အဲ့ဒီနားလေးမှာပဲ လမ်းအကွေ့ရှိတယ်။ ဆိုင်ကယ်ကလည်း အရှိန်ပြင်းပြင်းနဲ့မောင်းလာတယ်။ ဆိုင်ကယ်မောင်းလာတဲ့သူ နှစ်ယောက်က အရက်လည်း နည်းနည်းပါးပါးသောက်ထားကြတယ်လို့ သိရတယ်။ အခင်းဖြစ်နေရာမှာပဲ တယောက်သေတယ်။ နောက်တယောက်ကတော့ လမ်းမှာသေတယ်။ ဆေးရုံကိုမရောက်လိုက်ဘူး။” သေဆုံးသွားသူနှစ်ဦးကတော့ ချောင်းသုံးခွကျေးရွာက မောင်ထွန်းထွန်းနိုင် အသက် ၂၃ နှစ်နဲ့ မောင်သန်းစိုး အသက် ၁၉ နှစ်တို့ ဖြစ်တယ်လို့ ရဲအုပ်က ပြောပါတယ်။ ကားမောင်းလာတဲ့ သံတွဲမြို့နေ ဦးသန်းရွှေ ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄ ကနဲ့ တောင်ကုတ်မြို့မ ရဲစခန်းက ဖမ်းဆီးအရေးယူထားလို့ ရဲအုပ်က ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံပြည့်စုံဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024