DVB Logo
Home
မေးမြန်းခန်း
အ​ပြောင်း​အလဲ​တွေ ဆက်လက် ဖြစ်​ပေါ်လာဖို့​ အ​ရေး​ကြီး​ပါတယ်
DVB
·
January 24, 2012
အ​ပြောင်း​အလဲ​တွေ ဆက်လက် ဖြစ်​ပေါ်လာဖို့​ အ​ရေး​ကြီး​ပါတယ်
Donate to DVB

နော်​ဝေး​နိုင်ငံခြား​ရေး​ဝန်ကြီး​ မစ္စတာယိုနာ့​စ် ဂါ စတိုရား​ (Mr.Jonas Gahr) ဟာ မကြာခင်မှာ မြန်မာပြည်ကို သွား​လည်ဖို့​ ရှိပါတယ်။

[caption id="attachment_20347" align="alignright" width="300" caption="​နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနှင့်​ ဦးခင်မောင်ဝင်း "][/caption]

နော်​ဝေး​နိုင်ငံဟာ မကြာ​သေး​ခင်ကပဲ မြန်မာနိုင်ငံအ​ပေါ် ထား​ရှိတဲ့​ သ​ဘောထား​အချို့​ အ​ပြောင်း​အလဲ လုပ်မယ်လို့​ သူတို့​ရဲ့​ နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာန ဝက်ဆိုက်မှာ ​ကြေညာထား​တာ ရှိပါတယ်။

သူ့​ရဲ့​ မြန်မာပြည်သွား​တဲ့​ ခရီး​စဉ်နဲ့​ ပတ်သက်လို့​ ​နော်​ဝေး​နိုင်ငံရဲ့​ မူဝါဒ သ​ဘောထား​တွေကို ​နော်​ဝေး​နိုင်ငံ ဒီမိုကရက်တစ်မြန်မာ့​အသံ စတူဒီယိုကို ဖိတ်​ခေါ်ပြီး​ ဒီဗွီဘီ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ခင်​မောင်ဝင်း​က ​မေး​မြန်း​ထား​ပါတယ်။

ဝန်ကြီး​အ​နေနဲ့​ မြန်မာပြည်ကို မကြာခင်သွား​ဖို့​ ရှိတယ်လို့​ သိရပါတယ်။ ဒီတ​ခေါက်သွား​တဲ့​ ရည်ရွယ်ချက်နဲ့​ ဘယ်သူ​တွေနဲ့​ ​တွေ့​ဖို့​ ရှိတယ်ဆိုတာ သိပါရ​စေ။

ရည်ရွယ်ချက်က​တော့​ ​နော်​ဝေး​-မြန်မာ ​ရေရှည်ဆက်ဆံ​ရေး​ရဲ့​ ​နောက်ဆက်တွဲပါ။ ဒီမိုက​ရေစီ​ရေး​ ​ပြောင်း​လဲဖြစ်ထွန်း​မှု​တွေနဲ့​ လှပတဲ့​ မြန်မာနိုင်ငံ ပုံမှန်အ​ခြေအ​နေ ဖြစ်လာတာ​တွေကို အသိအမှတ် ပြုဖို့​ပါ။

လူမျိုး​စုံ အဖွဲ့​လိုက်ပါဝင်ပြီး​ သွား​ကြမှာ ဖြစ်ပါတယ်။ မြန်မာ သမ္မတ၊​ အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံဖို့​ ရှိပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အတိုက်အခံ နိုင်ငံ​ရေး​အင်အား​စု​တွေ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေနဲ့​လည်း​ ​တွေ့​ဖို့​ ရှိပါတယ်။ ဒါက စီး​ပွား​ရေး​ ကိုယ်စား​လှယ်အဖွဲ့​ မဟုတ်ပါဘူး​။ ဒါ​ပေမယ့်​ စီး​ပွား​ရေး​ ရင်း​နှီး​မြှုပ်နှံမှု​တွေနဲ့​ ပတ်သက်လို့​ လူမှုဝတ္တရား​တွေ အ​ကြောင်း​ ​ဆွေး​နွေး​ပွဲ​တွေလည်း​ ဦး​ဆောင်ကျင်း​ပဖို့​ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့​ ကြိုး​ပမ်း​မှု​တွေကို ​ထောက်ပံ့​ကူညီရမယ်လို့​ ယုံကြည်ပါတယ်။ ဖွံ့​ဖြိုး​တိုး​တက်မှုအတွက် လိုက်ဖက်တဲ့​ ဝန်း​ကျင် အဖွဲ့​အစည်း​တခု ထူ​ထောင်ဖို့​ပါ။ ဒီမိုက​ရေစီ၊​ လူ့​အခွင့်​အ​ရေး​နဲ့​ ဥပ​ဒေစိုး​မိုး​ရေး​ကို အ​ခြေခံရပါမယ်။ ပြီး​ခဲ့​တဲ့​ ၁၂ လအတွင်း​ မြင်ခဲ့​ကြရတဲ့​ အပြုသ​ဘော ဦး​တည်ချက်​တွေကို ဆက်သွား​နိုင်​စေဖို့​ပါ။

လွန်ခဲ့​တဲ့​ ၁၀ ရက်လောက်က နိုင်ငံ​ရေး​အကျဉ်း​သား​ ၆၅၀ ​လောက် လွတ်လာပြီး​နောက်မှာ ​နော်​ဝေးနိုင်ငံခြား​ရေး​ဌာနက ထုတ်ပြန်ခဲ့​တဲ့​ ​ကြေညာချက်ထဲမှာ ​ဖော်ပြထား​တာက ​နော်​ဝေ ကုမ္ပဏီ​တွေ မြန်မာပြည်မှာ ရင်း​နှီး​မြှုပ်နှံမှု မလုပ်ကြဖို့​ မတား​မြစ်​တော့​ဘူး​ ဆိုတဲ့​အချက်ဟာ ပိတ်ဆို့​မှုကို ဖယ်ရှား​တာလား​။ ဘယ်လို ရှင်း​လင်း​အောင် နား​လည်သင့်​မလဲခင်ဗျ။

နော်​ဝေးဟာ ဥ​ရောပသမဂ္ဂရဲ့​ အ​ရေး​ယူပိတ်ဆို့​မှုနဲ့​ တွဲလျက် ရှိ​နေတုန်း​ပါပဲ။ ဒီကိစ္စနဲ့​ ပတ်သက်ရင် မကြာခင် လာမယ့်​ရွေး​ကောက်ပွဲကို ​လေ့​လာကြပါမယ်။ သူတို့​သာ ​ရွေး​ကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်း​ပမယ်ဆိုရင် မြန်မာပြည်အ​ပေါ် အ​ရေး​ယူပိတ်ဆို့​မှု ကိစ္စကို ပြန်သုံး​သပ်သင့်​ပါပြီ။

ပြီး​ခဲ့​တဲ့​ ၁၉၉၇ ခုနှစ် ကတည်း​က ​နော်​ဝေးအစိုး​ရက အကြံပြုချက် ရှိပါတယ်။ ဥပ​ဒေပြဋ္ဌာန်း​ချက် မဟုတ်​ပေမယ့်​ ရှင်း​လင်း​တဲ့​ အကြံပြုချက်က​တော့​ စီး​ပွား​ရေး​ ကုမ္ပဏီ​တွေအ​နေနဲ့​ မြန်မာနိုင်ငံနဲ့​ လုံး​ဝ မဆက်ဆံဖို့​ပါပဲ။ အဲဒီ့​ အကြံပြုချက်ကို ဖယ်ရှား​တာပါ။ ဒါဟာ အ​ရေး​ကြီး​ပါတယ်။ ပုံမှန် ဆက်သွယ်ဆက်ဆံ​ရေး​ကို ကျ​နော်တို့​ ​မျှော်လင့်​ပါတယ်။ ရင်း​နှီး​မြှုပ်နှံ​ရေး​၊​ အလုပ်အကိုင် အခွင့်​အလမ်း​၊​ သာယာဝ​ပြော​ရေး​တွေ၊​ မြန်မာနဲ့​ နိုင်ငံတကာ စီး​ပွား​ရေး​ ပူး​ပေါင်း​မှုက​နေ ဖြစ်ထွန်း​လာဖို့​ပါပဲ။

နော်​ဝေးကုမ္ပဏီ​တွေ ပြင်ဆင်သင့်​ပါပြီ။ ဥ​ရောပသမဂ္ဂ မူဝါဒအတိုင်း​ပဲလို့​ ​ပြောနိုင်ပါတယ်။ လာမယ့်​ဧပြီလကျရင် ​ရှေ့​ကို တိုး​တက်လာနိုင်မယ်လို့​ ​မျှော်လင့်​ပါတယ်။ ပုံမှန်ဖြစ်လာပြီဆိုရင် လွတ်လပ်မျှတတဲ့​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဖြစ်လာမှာပါ။

အ​ရေး​ယူပိတ်ဆို့​မှု​တွေကို ဖယ်ရှား​ရေး​ စဉ်း​စား​မယ်ဆိုရင် လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ ​နော်​ဝေးအစိုး​ရအတွက်​ရော၊​ တခြား​အစိုး​ရ​တွေ အတွက်ပါ အ​တော်အ​ရေး​ကြီး​နေလား​။

ဒါအ​ရေး​ကြီး​ပါတယ်။ အား​လုံး​ကို ခြုံငုံစဉ်း​စား​မယ်ဆိုရင် အခု မြန်မာဟာ ပြီး​ခဲ့​တဲ့​ တနှစ်တိတိနဲ့​ ယှဉ်ကြည့်​မယ်ဆိုရင် အ​တော် အံ့​ဩစရာပါ။ အဲဒီ့​ အ​ပြောင်း​အလဲ​တွေ ဆက်လက် ဖြစ်​ပေါ်လာဖို့​ အ​ရေး​ကြီး​ပါတယ်။ ​နောက်​ကြောင်း​ပြန်မလှည့်​ဖို့​ အ​ရေး​ကြီး​ပါတယ်။ လူထုအ​ခြေပြုအဖွဲ့​တွေ လွတ်လပ်စွာ ဖြစ်ထွန်း​လှုပ်ရှား​လာဖို့​ လိုပါတယ်။

ရွေး​ကောက်ပွဲနဲ့​ ပတ်သက်လို့​ မြန်မာပြည်မှာ အစဉ်အလာရှိတာက လွတ်လပ်မျှတတဲ့​ ​ရွေး​ကောက်ပွဲဆိုတာ မရှိခဲ့​ဖူး​ဘူး​။ ၂၀၁၀ ​ရွေး​ကောက်ပွဲဆိုရင်လည်း​ ​ဝေဖန်​ပြောဆိုသံ အ​တော်များ​ခဲ့​တယ်။ ဒီတခါ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အန်အယ်လ်ဒီလည်း​ ​ရွေး​ကောက်ပွဲဝင်ပြီ။ နိုင်ငံတကာကလည်း​ ​လေ့​လာ​စောင့်​ကြည့်​ခွင့်​ပေး​ဖို့​ ​ပြော​နေကြတယ်။ ​နော်​ဝေး​က​ရော ​ရွေး​ကောက်ပွဲ ​လေ့​လာ​စောင့်​ကြည့်​ရေး​ ​တောင်း​ဆိုဖို့​ ရှိမလား​။

ရွေး​ကောက်ပွဲ ​လေ့​လာ​စောင့်​ကြည့်​ရေး​ကိစ္စ စဉ်း​စား​သင့်​ပါတယ်။ ဒါဟာ ​ရွေး​ကောက်ပွဲကို တရား​ဝင် အသိအမှတ်ပြုခံရမယ့်​ နည်း​လမ်း​ဖြစ်ပါတယ်။ နည်း​မျိုး​စုံရှိပါတယ်။ ​နော်​ဝေး​ ​ရွေး​ကောက်ပွဲလည်း​ ​လေ့​လာ​စောင့်​ကြည့်​ကြတယ်။ တခြား​ ဥ​ရောပနိုင်ငံ​တွေက လာပြီး​ ​စောင့်​ကြည့်​ကြရတယ်။ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ရေး​ကိစ္စ စဉ်း​စား​မှ အ​မြော်အမြင်ရှိရာ ​ရောက်မယ်။

နော်​ဝေး​ဟာ မြန်မာပြည်ငြိမ်း​ချမ်း​ရေး​ ကူညီညှိနှိုင်း​ပေး​ဖို့​ စိတ်ဝင်စား​တယ်ဆိုပြီး​ ​နော်​ဝေး​သတင်း​စာ​တွေက ​ရေး​နေကြတာ ​တွေ့​ရပါတယ်။ သိရီလင်္ကာပြည်တွင်း​စစ်မှာ ​နော်​ဝေး​က ကြား​ဝင်​ပေး​ခဲ့​သလိုမျိုး​။ ဒါနဲ့​ ပတ်သက်လို့​ မှတ်ချက်​ပေး​စရာများ​ ရှိမလား​။

အရင်​ပြောချင်တာက ကာလရှည် ဖြစ်ပွား​နေတဲ့​ ပြည်တွင်း​စစ်ရပ်စဲဖို့​ မြန်မာပြည်တွင်း​က ပုဂ္ဂိုလ်​တွေ ကြိုး​ပမ်း​နေကြတဲ့​ အ​ကြောင်း​ပါ။ လိုအပ်​နေတဲ့​ ​ဆွေး​နွေး​ညှိနှိုင်း​မှု အသစ်​တွေ ထပ်ဖြစ်လာဖို့​က ​တွေ့​ဆုံ​ဆွေး​နွေး​ချင်သူ​တွေ ကြား​မှာပဲ ဖြစ်​ပေါ်လာမှာပါ။ အုပ်စုတစုနဲ့​ အစိုး​ရကြား​မှာ ကြား​ဝင်​ပေး​လို့​ အကူအညီဖြစ်ရင် အကျိုး​ရှိရင် ကျ​နော်တို့​က ဒါကိုစဉ်း​စား​ပေး​ဖို့​ အဆင်သင့်​ပါပဲ။ ဆန္ဒရှိရမယ့်​ ပြဋ္ဌာန်း​သတ်မှတ်ရမယ့်​ အ​ခြေအ​နေမှာ ကျ​နော်တို့​ ရှိမ​နေပါဘူး​။ အ​ရေး​ကြီး​တာက ပဋိပက္ခဖြစ်​နေတဲ့​ နှစ်ဖက်က ဆန္ဒရှိဖို့​ ​ရှေ့​တိုး​ချင်စိတ် ရှိဖို့​ပါ။ တခါတ​လေ​တော့​လည်း​ ဘက်မလိုက်တဲ့​ ကြား​ခံတ​ယောက် လိုအပ်တတ်ပါတယ်။ အဓိက ​ပြောချင်တာက​တော့​ အပြုသ​ဘော တိုး​တက်မှု​တွေကို အား​ပေး​ဖို့​ပါပဲ။ ပဋိပက္ခအား​လုံး​ မ​ပြေလည်​သေး​ပေမယ့်​ ဒီထက် ဆက် တိုး​တက်လာသင့်​ပါတယ်။

မကြာ​သေး​ခင်ကပဲ မြန်မာအစိုး​ရနဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကြား​မှာ အပစ်ရပ်စဲ​ရေး​ လက်မှတ်ထိုး​ကြ​ပေမယ့်​ နိုင်ငံ​ရေး​ကျေလည်မှု မဟုတ်​သေး​ဘူး​။ ​ရေရှည်မှာ ငြိမ်း​ချမ်း​ သာယာဝ​ပြောဖို့​အတွက် လိုအပ်​နေတာပါ။ တိုင်း​ရင်း​သား​တွေကြား​မှာ ဘက်မလိုက်တဲ့​ ကြား​လူ လိုချင်တာ​တွေ ကြား​ရတယ်။ ​နော်​ဝေအစိုး​ရ ဖြစ်​လေမလား​လို့​ ​မျှော်လင့်​ကြတာလည်း​ ရှိကြတယ်။ တကယ်လို့​ လက်နက်ကိုင် ပဋိပက္ခထဲက ပုဂ္ဂိုလ်​တွေက ​တောင်း​ဆိုလာမယ်ဆိုရင် ​နော်​ဝေအစိုး​ရက ကြား​ဝင် ​စေ့​စပ်​ပေး​ဖို့​ စဉ်း​စား​မယ့်​ အလား​အလာ ရှိမလား​။

ဒီလို​မေတ္တာရပ်ခံလာရင် ကျ​နော်တို့​ အ​လေး​အနက် စဉ်း​စား​ပါမယ်။ အ​ရေး​ကြီး​တဲ့​ အဆင့်​တခုက​တော့​ အပစ်အခတ် အရင် ရပ်ဖို့​ပါပဲ။ အတိမ်း​အ​စောင်း​ ဖြစ်နိုင်​သေး​တဲ့​ အဆင့်​အ​နေအထား​ ဖြစ်​နေပါဦး​မယ်။ အပစ်အခတ်ရပ်စဲတာဟာလည်း​ပဲ ပဋိပက္ခတခုရဲ့​ နိဂုံး​ဖြစ်နိုင်တာပါပဲ။ ပဋိပက္ခ အဆုံး​သတ်တဲ့​အခါ ခက်ခဲတဲ့​ အဆင့်​တခုကို ​ရောက်ပါလိမ့်​မယ်။ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ရမယ်။ အား​လုံး​ ပါဝင်​ရေး​၊​ အမျိုး​သမီး​တွေ ပါဝင်​ရေး​၊​ လူမှု​ရေး​အစီအစဉ်​တွေ လူမှုဖူလုံ​ရေး​ အစီအစဉ်​တွေက အတိမ်း​အ​စောင်း​ မခံဘူး​။ ကျ​နော်တို့​ အ​တွေ့​အကြုံအရ အပစ်အခတ်အရပ်စဲ​ရေး​ဟာ အခက်ခဲဆုံး​အပိုင်း​ မဟုတ်ဘူး​။ ဖွံ့​ဖြိုး​တိုး​တက်​ရေး​လုပ်တဲ့​ခါ သာတူညီမျှ​ရေး​၊​ သင့်​လျော် မှန်ကန်​ရေး​၊​ အကျိုး​သင့်​အ​ကြောင်း​သင့်​ ဖြစ်​ရေး​တွေက ပိုပြီး​ရှုပ်​ထွေး​တဲ့​ အပိုင်း​ဖြစ်ပါတယ်။ ဒါ​တွေက ပဋိပက္ခရဲ့​ အစိတ်အပိုင်း​ဖြစ်ပြီး​ ကြား​လူပါရင် အကျိုး​ဖြစ်ထွန်း​တာရှိတယ်။ ဒါ​တွေအတွက် ​နော်​ဝေး​တွေက တုံ့​ပြန်ဖို့​ အဆင်သင့်​ပဲလို့​ ထင်ပါတယ်။

နောက်ဆုံး​အ​နေနဲ့​ မြန်မာပြည်သား​တွေကို​ရော ဘယ်လို သတင်း​စကား​ပါး​ချင်ပါ​သ​လဲ။

ကျ​နော်ဟာ မြန်မာနိုင်ငံကို ​တော်​တော်သွား​လည်ချင်တဲ့​ နိုင်ငံခြား​ရေး​ဝန်ကြီး​ပါ။ သိပ်လှတဲ့​ နိုင်ငံနဲ့​ ဂုဏ်ယူဝင့်​ကြွား​စရာ လူမျိုး​တွေပါ။ ယဉ်​ကျေး​မှုကြွယ်ဝတဲ့​ နိုင်ငံပါ။ နိုင်ငံတကာအသိုင်း​အဝိုင်း​နဲ့​ ဆက်သွယ် ​ပေါင်း​စည်း​စေချင်ပါတယ်။ ကျ​နော်က တာဝန်နဲ့​ မြန်မာပြည်ကို သွား​ခွင့်​ရတာ ကံ​ကောင်း​တယ်လို့​ ခံစား​ရပါတယ်။ ကျ​နော့်​ သူငယ်ချင်း​တွေလည်း​ မြန်မာပြည်ကို သွား​လည်ကြလိမ့်​မယ်။ ​နော်​ဝေ​တွေ အ​တော်များ​များ​လည်း​ မကြာခင် မြန်မာပြည်ကို သွား​လည်ကြလိမ့်​မယ်။ အဲဒါ​ကောင်း​တယ်။ ကျ​နော်အား​ပေး​တယ်။ ဒီတနှစ်အတွင်း​ အ​ပြောင်း​အလဲ​တွေ ​နောက်​ကြောင်း​မပြန်ဖို့​ ​မျှော်လင့်​တယ်။ တိုး​တက်မှုကို အသိအမှတ်ပြုကြတာ​တွေလည်း​ အ​တော်များ​များ​ ​တွေ့​ရပါတယ်။

နောက်ထပ်အခက်အခဲ​တွေ အများ​ကြီး​ရှိဦး​မယ်ဆိုတာလည်း​ သိကြပါတယ်။ ပို​ကောင်း​ချင်ရင် အခက်အခဲ​တွေ ရှိဦး​မယ်ဆိုတာ ရိုး​သား​လက်ခံရပါမယ်။ ထပ်​ပြောရရင် အတိမ်း​အ​စောင်း​ မခံတဲ့​ အ​ခြေအ​နေက​တော့​ ဖြစ်ထွန်း​ခဲ့​သမျှကို အ​ခြေခိုင်ဖို့​နဲ့​ တည်တန့်​ဖို့​ ပါပဲ။ မြန်မာပြည်က ပြန်လာတဲ့​အခါ ထပ်​ပြောပြဖို့​ ​မျှော်လင့်​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013