Home
မြန်မာသတင်း
ပြန်ကြားရေးဝန်ကြီးဌာနက ဒီဂျစ်တယ်သတင်းစာထုတ်မည်
နေဖြိုးဝင်း
·
April 27, 2017
  ပြန်ကြားရေးဝန်ကြီးဌာနက ဒီဂျစ်တယ်သတင်းစာထုတ်မယ်လို့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။ ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ တနှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက ဦးဆောင်ညွန်ကြား ရေးမှူး ဦးကျော်စိုးက ပြောတာပါ။ ဒီဂျစ်တယ်သတင်းစာထုတ်ဖို့ partnership တွေ ပါနိုင်ဖို့ ဖိတ်ခေါ်ခဲ့ပြီးတော့ ဥပဒေနဲ့အညီ အဆင့်ဆင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ ၀န်ကြီးဌာနရဲ့ ရည်ရွယ်ချက်ကို ဆောင်ရွက်တာဖြစ်သလို သတင်းတွေကို အချိန်နဲ့တပြေးညီ ပေးနိုင်ဖို့အတွက် ရည်ရွယ်တာလို့ ပြောပါတယ်။ ပုဂ္ဂလိကို ပြိုင်ဆိုင်တာ၊ လက်ဝါးကြီးအုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ "မေလ ပထမပတ်မှာ ပထမအဆင့်ကို မိတ်ဆက်ဖို့ရှိပါတယ်။ ဒုတိယအဆင့်ကတော့ ပိုပြီးတော့ ပြည့်စုံအောင် အချိန်အတိုင်းအတာတစ်ခုထိပေးပြီး ပြန်ပြီးတင်ပြပါမယ်။ ဒါကို လုပ်တဲ့အချိန်မှာ မီဒီယာတွေကို သက်ဆိုင်ရာ partner တွေနဲ့ ပေါင်းစပ်ပြီး ဖိတ်ခေါ်ပါ့မယ်။ လုပ်ပြီး လိုအပ်တာတွေ ပေါင်းစပ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နေပြည်တော်မှာပဲ မိတ်ဆက်ပွဲလုပ်မှာဖြစ်ပါတယ်"လို့ ဦးကျော်စိုးက ပြောပါတယ်။ ဒီဂျစ်တယ်သတင်းစာဟာ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာအရ တကမ္ဘာလုံးမှာလည်း လုပ်နေတာဖြစ်တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း အများနည်းတူ ဆောင်ရွက်တဲ့ သဘောပါလို့ ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဆိုပါတယ်။ "မဟုတ်ရင် ပြန်ကြားရေးဝန်ကြီးဌာနက သိပ်ပြီးနောက်ကျကျန်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်မှာပေါ့။ ဒါကိုလည်း အများနည်းတူ up to date ဖြစ်အောင် ကြိုးစားတာပါ။ ကျနော်တို့က သတင်းစာတွေရှိရဲ့သားနဲ့ ထပ်ပြီးတော့ ဘာညာ စီးပွားရေးသဘော ဘာသဘော ညာသဘော ပုဂ္ဂလိကနဲ့ ပြိုင်ဆိုင်တဲ့သဘော စသဖြင့် အဲလို ဘယ်လိုမှ မယူဆစေချင်ဘူး။ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့ ကောင်းအောင် တိုးတက်အောင် ဆောင် ရွက်နေတာသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်"လို့ ဒေါက်တာဖေမြင့်က ပြောပါတယ်။ ဒီဂျစ်တယ်သတင်းစာကို အဆင့်နှစ်ခုနဲ့ လုပ်သွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ကတော့ Content (အကြောင်းအရာ)လေးနဲ့ သတင်းစာ သုံးစောင်ကို page by page ဖတ်နိုင်ဖို့အတွက် လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယအဆင့်ကို အချိန်အတိုင်းအတာတခုပြီးတာနဲ့ web portal တည်ဆောက်သွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024