Home
မြန်မာသတင်း
အီး​ယူပိတ်ဆို့​မှု ​ဖြေ​လျှော့​သည့်​အ​ပေါ် ပြုပြင်​ပြောင်း​လဲမှုကို တွန်း​အား​ဖြစ်​စေသည်ဟု အန်အယ်လ်ဒီ ​ပြောကြား
DVB
·
January 24, 2012
ဥ​ရောပအဖွဲ့​ဝင်နိုင်ငံ​တွေက အ​ရေး​ယူ ဒဏ်ခတ်မှု အချို့​ကို ​ဖြေ​လျှော့​လိုက်တဲ့​အ​ပေါ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပြုပြင်​ပြောင်း​လဲမှု​တွေကို တွန်း​အား​ဖြစ်​စေတယ်လို့​ ​ပြောကြား​လိုက်ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်​နေ့​က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့​မှာ အီး​ယူ နိုင်ငံခြား​ရေး​ဝန်ကြီး​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ် အ​ရေး​ယူမှု​တွေ စတင်​ဖြေ​လျှော့​ပေး​ဖို့​ နိုင်ငံခြား​ရေး​ဝန်ကြီး​တွေ သ​ဘောတူခဲ့​တဲ့​အ​ပေါ် အဖွဲ့​ချုပ် ဗဟိုဦး​စီး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က ကြား​လိုက်တာပါ။ “ကျ​နော်တို့​ လက်ရှိအစိုး​ရက ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်​နေတာ​ပေါ့​ဗျာ။ အမြင်အမျိုး​မျိုး​တော့​ ရှိ​နေတာ​ပေါ့​။ နည်း​တယ် များ​တယ်​ပေါ့​။ အလုပ်လည်း​ဖြစ်ချင်၊​ လုပ်သမျှ​ပေါ်မှာ တန်ပြန်ပြီး​တော့​ ပိတ်ဆို့​ ဒဏ်ခတ်မှု ​တွေကလည်း​ ​ဖြေ​လျှော့​သွား​မယ်ဆိုတဲ့​ အဓိပ္ပာယ်​တွေ ​တွေ့​ပါတယ်။ ဒီလို​ဖြေ​လျှော့​သွား​ခြင်း​အား​ဖြင့်​လည်း​ လက်ရှိအစိုး​ရရဲ့​ ပြုပြင်​ပြောင်း​လဲမှုကို တွန်း​အား​ပေး​ရာ ​ရောက်တယ်လို့​လည်း​ ကျ​နော်တို့​မြင်ပါတယ်။ တဘက်ကလည်း​ ​ဖြေ​လျှော့​တယ်။ တဘက်ကလည်း​ ​ပြောင်း​လဲမှု ပိုမို မြင့်​မား​အောင်လုပ်မယ်။ ပိုမိုပြီး​တော့​မှ ဒီဘက်ကလည်း​ ပိတ်ဆို့​ ဒဏ်ခတ်မှု​တွေက ကဏ္ဍအလိုက် အဆင့်​အလိုက် ရုတ်သိမ်း​သွား​မှာလို့​ ကျ​နော် အဲ့​လိုပဲ ယုံကြည်ပါတယ်။” အီး​ယူအဖွဲ့​ဝင်​တွေထဲမှာ​တော့​ မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ်မှု​တွေ အား​လုံး​ ရုပ်သိမ်း​ရေး​နဲ့​ ပတ်သက်ပြီး​ သ​ဘောထား​ကွဲလွဲမှု ရှိ​နေပြီး​ တချို့​က ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ပြီး​တဲ့​အချိန်ထိ ​စောင့်​ချင်​နေကြပါတယ်။ အီး​ယူ နိုင်ငံခြား​ရေး​ရာမူဝါဒအကြီး​အကဲ ကတ်သရင်း​ အက်ရှတန်က “သမ္မတ အပါအဝင် အစိုး​ရ အဖွဲ့​ဝင်​တွေကို ပြည်ဝင်ခွင့်​ဗီဇာ​တွေ ပြန်လည်ခွင့်​ပြုဖို့​ သ​ဘောတူခဲ့​ကြပါတယ်။ လာမယ့်​ ဧပြီလမှာ​တော့​ မြန်မာနိုင်ငံကို သွား​ရောက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ဖို့​ရှိပြီး​ လုပ်ဖို့​ရှိ​နေတဲ့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ဘယ်​လောက်အထိ ရိုး​သား​ပွင့်​လင်း​မှု ရှိ မရှိဆိုတာ​တွေ​ပေါ် မူတည်ပြီး​ ထပ်မံ ​ဖြေ​လျှော့​သွား​ဖို့​ စဉ်း​စား​သွား​မယ်လို့​ ​ပြောခဲ့​တာပါ” လို့​ ​ပြောပါတယ်။ အီး​ယူက အခုလို စီး​ပွား​ရေး​ပိတ်ဆို့​မှု ​ဖြေ​လျှော့​လိုက်တဲ့​အ​ပေါ် အမျိုး​သား​ဒီမိုက​ရေစီ အင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက အခုလို​ပြောပါတယ်။ “​ဖြေ​လျော့​မှု စပြီဆိုရင်​တော့​ မြန်မာနိုင်ငံရဲ့​ ဖြစ်​ပေါ်တိုး​တက်မှု အသစ်​တွေကို ကြည့်​ပြီး​တော့​ ​ပြောင်း​လဲ​ပေး​ရ​တော့​မယ်ဆိုတဲ့​ သ​ဘောထား​ကို ​သေချာသွား​ပြီ။ မြန်မာနိုင်ငံက သူတို့​ထင်သလို ဟိုတုန်း​ကလို ဖြစ်မ​နေ​တော့​ဘူး​။ တစတစ ​ကောင်း​တဲ့​ဘက်ကို မြှင့်​လာပြီဆိုတာကို သူတို့​လက်ခံလိုက်ပြီဆိုတာ ထင်ရှား​ပြီ​ပေါ့​။ အဲ​တော့​ အခုစပြီး​ လုပ်တဲ့​ဟာက ​နောင်ကို စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ လွတ်ကင်း​အောင် ဖယ်ရှား​ဖို့​အတွက် ပထမ ထင်ရှား​တဲ့​ ​ခြေလှမ်း​ကြီး​ ဖြစ်တယ်လို့​ပဲ ​ပြောချင်ပါတယ်။” မြန်မာ့​အ​ရေး​ ပူး​ပေါင်း​ ​ဆောင်ရွက်သူများ​အဖွဲ့​ (Burma Partnership) ရဲ့​ တာဝန်ခံ ​ဒေါ်ခင်ဥမ္မာက “ဦး​သိန်း​စိန်အစိုး​ရက ​နောက်ပြန်မဆွဲတဲ့​ တကယ်တမ်း​မှန်ကန်တဲ့​ ​ပြောင်း​လဲမှု​တွေကို လုပ်နိုင်တဲ့​အချိန်မျိုး​ ကျမှသာလျှင် လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တဲ့​ဟာမျိုး​တွေကို ရပ်တန့်​မှု​တွေ ဖြစ်သွား​ပြီး​တဲ့​ အခါမှသာလျှင် စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေကို ရုပ်သိမ်း​ဖို့​ကို ကျမတို့​အ​နေနဲ့​ အား​ပေး​တာ အသင့်​လျော်ဆုံး​ ဖြစ်မယ်လို့​ ကျမမြင်ပါတယ်” လို့​ ​ပြောပါတယ်။ မကြာ​သေး​ခင်က အကျဉ်း​ထောင်က​နေ ပြန်လွတ်လာတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေထဲက ကိုကိုကြီး​က “ပြည်တွင်း​ပြုပြင်​ပြောင်း​လဲမှု​တွေ ဘယ်​လောက်လုပ်သလဲဆိုတဲ့​ အ​ခြေအ​နေ​ပေါ်မှာမူတည်ပြီး​တော့​ ဒီပိတ်ဆို့​အ​ရေး​ယူမှု​တွေက တဖြည်း​ဖြည်း​ချင်း​ ရုတ်သိမ်း​သွား​မှာပါ။ အဲ​တော့​ အဓိကက ဒီပိတ်ဆို့​မှုရုတ်​အောင် ကြိုး​စား​တဲ့​ပုံစံမျိုး​ မဟုတ်ပဲ ကိုယ့်​နိုင်ငံသား​တွေရဲ့​ လွတ်လပ်ခွင့်​၊​ ကိုယ့်​နိုင်ငံသား​တွေရဲ့​ အခွင့်​အ​ရေး​ကို ​ရှေ့​ရှုတဲ့​ပြုပြင်​ပြောင်း​လဲမှု​တွေလုပ်ရင် ဒီကိစ္စက သီး​ခြား​ကြီး​ပိတ်ဆို့​မှု​တွေကို ရုတ်သိမ်း​ဖို့​ ​တောင်း​ဆို​နေစရာ မလိုပါဘူး​။ တဖြည်း​ဖြည်း​ချင်း​ ​ပြေ​လျော့​သွား​မယ့်​ကိစ္စလို့​ပဲ မြင်ပါတယ်” လို့​ ​ပြောပါတယ်။ အီး​ယူ ဥ​ရောပသမဂ္ဂအဖွဲ့​ဝင် နိုင်ငံ​တွေအ​နေနဲ့​ မြန်မာနိုင်ငံအ​ပေါ် နိုင်ငံ​ရေး​နဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ​ကြောင့်​ စစ်လက်နက်ပစ္စည်း​ ဝယ်ယူခွင့်​၊​ ကုန်သွယ်​ရေး​နဲ့​ ဘဏ္ဍာ​ရေး​ဆိုင်ရာ​တွေကို ၁၉၉၆ ခုနှစ်က စတင်ချမှတ်ခဲ့​တာ ဖြစ်ပါတယ်။ ပိတ်ဆို့​ဒဏ်ခတ်မှု​တွေထဲက ပထမဆုံး​အ​နေနဲ့​ အစိုး​ရအဖွဲ့​ဝင်​တွေနဲ့​ သူတို့​နဲ့​ ဆက်နွယ်သူ​တွေကို အီး​ယူ နိုင်ငံ​တွေမှာ ခရီး​သွား​လာခွင့်​ ကန့်​သတ်ထား​တာ​တွေကို လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ပြန်လွှတ်​ပေး​အပြီး​ စတင် ​ဖြေ​လျှော့​လိုက်တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024