Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ရေလုပ်ငန်းရှင်တဦးက ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်
DVB
·
April 27, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာ ပတ္တမြားတန်းရပ် ရေလုပ်ငန်းရှင်တဦးက ပုစွန်လှန်း၊ ငါးခွဲငါးလှန်းတဲ့အလုပ်ရုံမှာ အလုပ်လုပ်နေတဲ့ အရွယ် မရောက်သေးတဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို ဧပြီ ၂၃ ရက်နေ့ မနက်က အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲ စခန်းက ပြောပါတယ်။ ငါးခွဲရုံမှာ နေထိုင်တဲ့အမျိုးသမီးငယ်ဟာ ရေလုပ်ငန်းရှင်ရဲ့ နေအိမ် အနောက်မီးဖိုချောင်မှာ အိပ်ပျော်နေချိန် ဦးခင်မောင်တင့်က အဓမ္မပြုကျင့်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၁ လ လောက်ကလည်း သားမယားအဖြစ် တကြိမ် ပြုကျင့်ခဲ့ကြောင်း၊ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့ ဦးခင်မောင်တင့်ကို ဥပဒေအရအရေးယူပေးဖို့ ဧပြီ ၂၆ ရက်က ရေးမြို့မရဲစခန်းထံ ကာယကံရှင်က တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။ အဓမ္မပြုကျင့်ခဲ့တယ်လို့ တိုင်ကြားခံရတဲ့ ရေလုပ်ငန်းရှင် ဦးခင်မောင်တင့်ကတော့ လက်ရှိအချိန်မှာ ထွက်ပြေးတိမ်းရှောင်နေလို့ ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ စုံစမ်းရှာဖွေနေကြောင်း ရေးမြို့နယ် ရဲစခန်း ဒုရဲမှူး စိုးမွန်က ပြောပါတယ်။ နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024