Home
မြန်မာသတင်း
ကျောင်းသားသမဂ္ဂအဆောက်အအုံအတွက် ဘတ်ဂျက် ကျပ် ၅ ဒသမ ၂ ဘီလီယံရ
နေဖြိုးဝင်း
·
April 26, 2017
  ဗုံးခွဲဖျက်ဆီးဖြိုချခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦကို ပြန်လည်ဆောက်လုပ်ဖို့အတွက် ဘတ်ဂျက် ကျပ် ၅ ဘီလီယံ ရရှိထားတယ်လို့ ပညာရေး ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဧပြီ ၂၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရ တနှစ်ပြည့် ကာလအတွင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောတာပါ။ “ကျောင်းသားသမဂ္ဂ အဆောက်အဦ ဆောက်လုပ်ဖို့ ဘတ်ဂျက်တောင်းထားတာ ကျပ် ၅ ဒသမ ၂ ဘီလီယံ ရရှိပြီး ဖြစ်ပါတယ်။ ဘက်ဂျက်တောင်းရင်း အဆောက်အဦ ဒီဇိုင်းပါ တင်ထားတဲ့ အတွက် အရင်သမဂ္ဂနေရာအဟောင်းရဲ့ ဧရိယာကို cover ဖြစ်အောင် ပုံစံအဆိုပြုထားပါတယ်။ ‌ဒါပေမယ့် ဘယ်ပုံစံ အတည်ဆိုတာတော့ အခုထိ မသိရသေးပါဘူး” လို့ ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ်ရှေ့ သမဂ္ဂရင်ပြင်နေရာဟောင်းမှာ ပြန်လည်တည်ဆောက်မယ့် ကျောင်းသား သမဂ္ဂအဆောက်အဦသစ်ကို ဘယ်သူတွေက ဘယ်လိုဆောက်လုပ်ခွင့် ရရှိထား တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024