ဥပဒေမဲ့စက်ရုံများဖျက်သိမ်းပေးရန် နေပြည်တော်တွင် လာရောက်ဆန္ဒပြ
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 26, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာရှိတဲ့ တောင်သူအချို့က သိမ်းဆည်းခံ လယ်ယာမြေတွေကို ပြန်လည်ရရှိရေးနဲ့ ဥပဒေမဲ့စက်ရုံတွေကို ဖျက်သိမ်းပေးဖို့ နေပြည်တော်မှာ ဒီကနေ့ လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
နေပြည်တော် ဥတ္တရသီမြို့နယ်ထဲက ရွှေနံ့သာရပ်ကွက်အစကနေ ရပ်ကွက်ဘောလုံးကွင်း အထိ တောင်သူ ၁၄ ဦးက ဆိုင်းဘုတ်တွေ ကိုင်ဆောင်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ ဥပဒေမဲ့ နီကယ်စက်ရုံ ဖျက်သိမ်းပေးရေး၊ ဥပဒေမဲ့ ဂရိတ်ဝေါစက်ရုံ ၆ ရုံ ဖျက်သိမ်းပေးရေး၊ တိုင်းရင်းသား နိုင်ငံသားတို့ရဲ့ ဘဝလုံခြုံမှု ရှိစေဖို့ အတွက်လည်း တောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။