DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​တိုင်း​ အဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ ​ကော်မတီက ပန်း​ချီဆရာများ​ကို ဂုဏ်ပြု
DVB
·
January 24, 2012
မန္တ​လေး​တိုင်း​ အဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ ​ကော်မတီက ပန်း​ချီဆရာများ​ကို ဂုဏ်ပြု
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် မန္တ​လေး​တိုင်း​ ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ ​ကော်မတီက ပဒုမ္မာခန်း​မမှာ မ​နေ့​ကအထိ သုံး​ရက်ကြာ ကျင်း​ပတဲ့​ ကာတွန်း​ပြပွဲနဲ့​ ​ဈေး​ရောင်း​ပွဲမှာ ကူညီတဲ့​ ပန်း​ချီဆရာ​တွေကို ဒီက​နေ့​ အခမ်း​အနား​နဲ့​ ဂုဏ်ပြုပါတယ်။

အဲဒီအခမ်း​အနား​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ကျေး​ဇူး​တင်စကား​ ​ပြောကြား​ခဲ့​ပြီး​ ကာတွန်း​ဆရာ ၁၁ ဦး​ကို ဂုဏ်ပြုလက်​ဆောင် ပစ္စည်း​တွေ ​ပေး​အပ်ပါတယ်။ ကာတွန်း​ဆရာ​တွေထဲက ဟာကြူလီကလည်း​ ပြန်လည် ​ကျေး​ဇူး​တင်စကား​ ​ပြောကြား​ပါတယ်။

သုံး​ရက်ကြာ ကာတွန်း​ပြပွဲမှာ မန္တ​လေး​တိုင်း​ ​အောင်နိုင်​ရေး​ကော်မတီက ​ဈေး​ရောင်း​ပွဲ​တော်လုပ်ပြီး​ ကာတွန်း​စာအုပ်​တွေ၊​ က​လေး​ဖတ်စရာ၊​ ဗိုလ်ချုပ်​အောင်ဆန်း​ အထ္ထုပ္ပတ္တိစာအုပ်​တွေ၊​ အဖွဲ့​ချုပ်တံဆိပ်၊​ ရင်ထိုး​၊​ အင်္ကျီ​တွေကို တည်ခင်း​ရောင်း​ချပါတယ်။

အဲဒီကရတဲ့​ ရန်ပုံ​ငွေကို နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ​ထောက်ပံ့​ရာမှာ အဓိက သုံး​စွဲမယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“ပြပွဲရဲ့​ ရည်ရွယ်ချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​အတွက် ပံ့​ပိုး​ကူညီဖို့​ ဖြစ်ပါတယ်။ ရတဲ့​ ရန်ပုံ​ငွေကို။ ပြီး​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​အတွက် အလှူခံပုံး​ တခု အဲ့​ထဲမှာ ဖွက်ထား​ပါတယ်။ အဲ့​မှာလည်း​ အကျဉ်း​သား​တွေ ​ထောက်ပံ့​ဖို့​အတွက် အလှူ​ငွေ​တွေ အ​မြောက်အမြား​လည်း​ လာထည့်​သွား​ကြပါတယ်။ အား​လုံး​ပေါင်း​ ၃ ရက် ကျင်း​ပတာမှာ ပရိသတ်ကလည်း​ ၃ ရက်လုံး​ ကြိတ်ကြိတ်တိုး​ အား​ပေး​ကြပါတယ်။”

ဒီကာတွန်း​ပြပွဲနဲ့​ ​ဈေး​ရောင်း​ပွဲကို မနက် ၇ နာရီက​နေ ည ၁၀ နာရီထိ ကျင်း​ပရာ ကြိတ်ကြိတ်တိုး​ စည်ကား​ခဲ့​ပါတယ်။

သုံး​ရက်ကြာကျင်း​ပတဲ့​ ဒီပွဲမှာ မန္တ​လေး​ အိုး​ဘို​ထောင်အတွင်း​ရှိ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၇၆ ဦး​အတွက် အလှု​ငွေ​ကောက်ခံရာမှာ လှူဒါန်း​ငွေ ၁၉ သိန်း​ကျော် ရရှိခဲ့​တယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် ကာတွန်း​ပန်း​ချီ​တွေကို စီဒီအဖြစ် ​ရောင်း​ချရာက​နေ ၃ သိန်း​ ၃ ​သောင်း​ကျော်နဲ့​ စာ​ရေး​ဆရာ လူထုစိန်ဝင်း​နဲ့​ စာ​ရေး​ဆရာ ​ဖေမြင့်​တို့​ရဲ့​ ဒီမိုက​ရေစီဆိုင်ရာ စာအုပ်​တွေကို ​ရောင်း​ချရာက ရရှိ​ငွေ ပါဆို ၂၃ သိန်း​ကျော် ရခဲ့​တယ်လို့​ အဖွဲ့​ချုပ်မန္တ​လေး​တိုင်း​ သတင်း​ပြန်ကြား​ရေး​တာဝန်ခံ ဦး​မျိုး​နိုင်က ရှင်း​ပြပါတယ်။

ဒီ​ငွေ​တွေကို မတည်ပြီး​ မကြာခင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို စတင်ကူညီသွား​မယ်လို့​ ဦး​မျိုး​နိုင်က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013