A d v e r t i s e m e n t With Us

ပဲခူး​မြို့​တွင် နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​ကို ဂုဏ်ပြု

ပဲခူး​မြို့​နယ်မှာ ၁၉၆၂ ခုနှစ်က​နေ ၂၀၁၂ အတွင်း​ ပြန်လည် လွတ်​မြောက်လာကြတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ၁၀၀ ​ကျော်ကို အခမ်း​အနား​နဲ့​ ဂုဏ်ပြု​ခဲ့ပါတယ်။ ပဲခူး​နာရီစင်အနီး​မှ ဂရင်း​ဆိုရှယ် ခန်း​မမှာ ဒီက​နေ့​ မနက်ကိုး​နာရီက စတင်ခဲ့​တဲ့​ ဒီဂုဏ်ပြုပွဲကို မကြာ​သေး​ခင်က လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေက ​ကော်မတီဖွဲ့​ စီစဉ်တာပါ။ ကိုမင်း​ကိုနိုင်တို့​ အပါအဝင် ရှစ်ဆယ့်​ရှစ်မျိုး​ဆက် ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေလည်း​ ဒီပွဲကို တက်​ရောက်ဂုဏ်ပြုခဲ့​သလို ပရိသတ် ၄၀၀ ​ကျော် တက်​ရောက်ကြပါတယ်။ အခမ်း​အနား​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် သဘာပတိအဖွဲ့​ နာယက ဦး​တင်ဦး​ရဲ့​ သဝဏ်လွှာကို ဖတ်ကြား​သလို ပဲခူး​တိုင်း​ အဖွဲ့​ချုပ်ဥက္ကဋ္ဌ ဦး​မြတ်လှနဲ့​ ရှစ်ဆယ့်​ရှစ် မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် မင်း​ကိုနိုင်တို့​ကလည်း​ ဂုဏ်ပြု အမှာစကား​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up