ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ ရန်ကုန်မြို့တွင် ပြုလုပ်
DVB
·
April 26, 2017
ငြိမ်းချမ်းရေးနှီးနှောပွဲကို ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာမှာ ပြုလုပ်နေ ပါတယ်။
ဒီပွဲကို နိုင်ငံရေးသမားတွေ ဦးဆောင်တာမဟုတ်ဘဲ ဘာသာရေးခေါင်းဆောင်တွေက ဦးဆောင်လုပ်နေတာပါ။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန် ကက်သလစ် သာသနာဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုနဲ့ အခြားဘာသာရေး ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။
နိုင်ငံတော် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတည်ဆောက်ရာတွင် ဘာသာရေးခေါင်းဆောင်များရဲ့ အခန်းကဏ္ဍ ငြိမ်းချမ်းရေးသည် ဖြစ်နိုင်ပါသည်။ ‘ငြိမ်းချမ်းရေးသာလျှင် လမ်းခရီးဖြစ်သည်’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧပြီလ ၂၆ နဲ့ ၂၇ ရက် ၂ ရက် ဆွေးနွေးသွားကြမှာပါ။