သခင်နှင့်ဆော့ကစားပြီး အင်တာနက်တွင် ရေပန်းစားနေသည့် ချစ်စရာပန်ဒါဝက်ဝံမလေး (ရုပ်သံ)
Published By
DVB | 26 April, 2017
574
0
Share
0
Comment
0
Likes
ပန်ဒါဝက်ဝံတွေဟာ ကမ္ဘာတလွှား ရှားပါးမျိုးစိတ်တွေအနေနဲ့ ထိန်းသိမ်းကာကွယ်ထားကြတဲ့ တိရစ္ဆာန်မျိုးစိတ်တွေပါ။
သဘာဝအရ ချစ်စရာသွင်ပြင်နဲ့ ပန်ဒါဝက်ဝံကလေးတွေရဲ့ အပြူအမူတွေဟာလည်း ချစ်စရာကောင်းလှပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပန်ဒါဝက်ဝံ ထိန်းသိမ်းကာကွယ်ရေး စင်တာတခုမှာ ထိန်းသိမ်းစောင့်ရှောက်သူ အမျိုးသားနဲ့ ချစ်စဖွယ် ကျီစားဆော့မြူကာ နေပူစာလှုံနေခဲ့တဲ့ ပန်ဒါဝက်ဝံမလေးကို တွေ့မြင်ရမှာပါ။
ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ခရိုင်၊ ချန်ဒူးမြို့ ပန်ဒါဝက်ဝံ ထိန်းသိမ်းကာကွယ်ရေး စင်တာတခုမှာ ဖြစ်ခဲ့တာလို့ စီဂျီတီအဲန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
မန်ယူးမီလို့ အမည်ပေးထားတဲ့ ဒီဝက်ဝံမလေးရဲ့ ချစ်စရာ အပြူအမူတွေကြောင့် သူဟာ အင်တာနက်ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။