DVB Logo
Home
ဆောင်းပါး
တို့​ကမ္ဘာကြီး​ကို တို့​ကယ်တင်မည်
DVB
·
January 24, 2012
တို့​ကမ္ဘာကြီး​ကို တို့​ကယ်တင်မည်
Donate to DVB

ကမ္ဘာကြီး​ ပူ​နွေး​လာ​နေပါသတဲ့​။ ဒါကို ယ​နေ့​ သိပ္ပံပညာရှင်များ​က လက်ခံလာကြပါပြီ။ တကယ်လို့​ ကမ္ဘာ့​အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်ထက် ပိုပြီး​တိုး​လာရင် အ​ခြေအ​နေ​တွေ ဆိုး​လာမှာ အ​သေအချာပါပဲတဲ့​။

ကမ္ဘာကြီး​ကို ပူ​နွေး​လာမှုက​နေ ကယ်တင်ဖို့​ ကြိုး​ပမ်း​နေကြပါတယ်။၊​ သို့​သော် ဘယ်သူ​တွေက ကယ်တင်ကြမှာလဲ။ ဘယ်လို ကယ်တင်ကြမှာလဲ။ ကျ​နော်တို့​ အား​လုံး​ ကယ်တင်ရမှာပဲ။ လူတိုင်း​ ကျရာ​နေရာက တတပ်တအား​ ပါဝင်ဖို့​ပါ။ ဘယ်လို ကယ်တင်ရမှာလဲ။

ကမ္ဘာကြီး​ ပူ​နွေး​လာခြင်း​ကို ကာကွယ်နိုင်ဖို့​အတွက် လုပ်သင့်​တဲ့​ အချက် ၁၀ ချက်ကို တင်ပြပါမယ်။ နံပါတ်၁ ပြုလုပ်ရာမှာက​တော့​ ၂ ဒီဂရီ​လောက် ​လျှော့​ချလိုက်ပါတဲ့​။ ဒါက ​အေး​သောနိုင်ငံ၊​ ပူ​သောနိုင်ငံများ​တွင် သာမက သမပိုင်း​နဲ့​ အပူပိုင်း​ နိုင်ငံက ပြည်သူ ပြည်သား​များ​နဲ့​လည်း​ သက်ဆိုင်တယ်။ အထူး​သဖြင့်​ ​ငွေ​ကြေး​တတ်နိုင်သူများ​ဟာ ​နွေအခါ အပူအ​အေး​ဒဏ် ကာကွယ်ဖို့​အတွက် ​လေ​အေး​စက် (AirCon ) ကို သုံး​တယ်။ ​ဆောင်း​မှာ အပူ​ပေး​ကိရိယာ (Heater) ကို သုံး​ပါတယ်။ သူတို့​ကို ​တောင်း​ပန် ညှိနှိုင်း​ဖို့​ လိုပါတယ်။ ​ဆောင်း​နဲ့​ ​နွေမှာ ၂ ဒီဂရီ​လောက် အသုံး​လျှော့​ဖို့​ပါပဲ။
ကိုယ်နဲ့​မဆိုင်ဘူး​လို့​ ထင်​ကောင်း​ ထင်ကြမယ်။ ဆိုင်ပါ​သော် ​ကောဗျာ။ ခင်ဗျား​တို့​ ရုပ်ရှင်ရုံတို့​ ​လေ​အေး​စက်ရှိတဲ့​ စား​သောက်ဆိုင်တို့​ကို သွား​တယ် ဆိုရင် ကိုယ်နဲ့​လည်း​ သက်ဆိုင်တာပဲ​ပေါ့​။

ဒီလို ​လျှော့​ချမယ်ဆိုလျှင် တနှစ်မှာ ​လေထဲသို့​ ထုတ်လွှတ်တဲ့​ ကာဗွန်ဒိုင်​အောက်ဆိုဒ် သုံး​ပုံတပုံ ​လျော့​ကျသွား​မယ်လို့​ တွက်ပြ ထား​တယ်။

ဒုတိယ လုပ်ရမှာက​တော့​ မီး​လုံး​ကို လဲလိုက်ပါလို့​ ​ပြောထား​တယ်။
လူ​တွေရဲ့​ စွမ်း​အင်သုံး​စွဲမှု အများ​ဆုံး​က​တော့​ မီး​ထွန်း​ခြင်း​ပါပဲ။
တကယ်လို့​ အိမ် ၁ သန်း​ဟာ သူတို့​အိမ်က မီး​လုံး​ ၄ လုံး​ကို စွမ်း​အင်​ချွေတာ​ရေး​ မီး​လုံး​ကို ​ပြောင်း​လဲသုံး​စွဲပါက ​လေထုထဲ ဖန်လုံအိမ်ဓာတ်​ငွေ့​ တန် ၉ သိန်း​ သက်သာ​စေပါမယ်။ Compact Fluorensce Light –CFL ဟာ တူညီ အလင်း​စွမ်း​အား​ရှိတဲ့​ သာမန် မီး​လုံး​ မီး​ချောင်း​များ​ထက် စွမ်း​အင် ၇၅ ရာခိုင်နှုန်း​ သက်သာ​စေပါတယ်။

တတိယအချက်က​တော့​ လျှပ်စစ်ပစ္စည်း​များ​ကို ပလပ်မှ ဆွဲဖြုတ် ထား​ပါလို့​ အကြံပြုထား​တယ်။ သုံး​တဲ့​ခါ​တော့​ သုံး​ပါ။ မသုံး​တဲ့​အခါနဲ့​ သုံး​ပြီး​တဲ့​အခါ​တွေမှာ ကွန်ပျူတာ၊​ တီဗွီ၊​ ​အောက်စက်တို့​ကို ရီမုတ်​လေး​ နှိပ်ရုံဖြင့်​ ဖွင့်​လိုရ​အောင် Standby ထား​လေ့​ရှိကြတယ်။ ဒီလို အဆင်သင့်​ထား​ခြင်း​ကို Standby ထား​ သုံး​စွဲသူ​တွေအတွက် အင်မတန် အဆင်​ပြေတာ​ပေါ့​။ ရီမုတ်​လေး​နှိပ်ရုံနှင့်​ ထိုင်ရာမထ မိမိ တီဗွီနဲ့​ ​အောက်စက်ကို ဖွင့်​လို့​ရတယ် မဟုတ်လား​။ ဒါ​ပေမယ့်​ ဒီလို Standby ထား​ရှိခြင်း​ဟာ လျှပ်စစ်ဓာတ်အား​ကို သုံး​စွဲ​နေတာလည်း​ ဖြစ်တယ်ဆိုတာ သတိပြုပါလို့​ မှာချင်တယ်။ လျှပ်စစ်ပစ္စည်း​များ​ကို အသုံး​မပြု​သေး​တဲ့​ အခါတိုင်း​မှာ ခလုတ်ကို ပိတ်ပြီး​ ပလပ်မှလည်း​ ဆွဲဖြုတ်ထား​ပါ။ ဒါဟာ ကမ္ဘာကြီး​ကို ကယ်တင်နိုင်တဲ့​ အချက်တချက်ပါပဲ။

စတုတ္ထအချက်က​တော့​ ကြွပ်ကြွပ်အိတ် မသုံး​ဖို့​ပါဘဲ။ ​ဈေး​သွား​တိုင်း​ ကြွပ်ကြွပ်အိတ် အများ​ကြီး​ ရလာတတ်တယ်။ ကမ္ဘာမှာ တနှစ်ကို ကြွပ်ကြွပ်အိတ် ၅၀၀ ဘီလီယံက​နေ ၁ ထရီလီယံအထိ သုံး​စွဲကြသည်။ ၁ ဘီလီယံဟာ သန်း​တ​ထောင်ဖြစ်ပြီး​ ၁ ထရီလီယံက​တော့​ ဘီလီယံ ၁ ​ထောင် ဖြစ်တယ်​လေ။ ဒါဟာ ​ပျော်စရာမဟုတ်ပါဘူး​။ ကြွပ်ကြွပ်အိတ်​တွေ​ကြောင့်​ ​ရေ​မြောင်း​တွေ ပိတ်ဆို့​တယ်။ တိရစ္ဆာန်​တွေ အထူး​သဖြင့်​ ငါး​များ​စွာ ​သေ​ကျေပျက်စီး​တယ်။ ကြွပ်ကြွပ်အိတ် ထုတ်တာကို ကာဗွန်​ခြေရာခံရင်လည်း​ ​ရေထု၊​ ​လေထု အင်မတန် ညစ်ညမ်း​စေတာကို ​တွေ့​ရ​ပေမယ်။ ကိုယ်ပိုင်အိတ်​လေး​ တအိတ် ယူသွား​ဖို့​ ပျင်း​မ​နေပါနဲ့​။

ပဉ္စမ အချက်အ​နေနဲ့​ ​ဒေသတွင်း​ ထွက်ကုန်များ​ကို သုံး​စွဲပါလို့​ မှာချင်ပါတယ်။ ကုန်တိုက်များ​မှာ ဝယ်တဲ့​ အစား​အ​သောက်​တွေနဲ့​ အသုံး​အ​ဆောင်​တွေဟာ ​ဒေသထွက်​တွေ ဖြစ်​လေ့​မရှိဘူး​။ မိုင်​ထောင်​ပေါင်း​များ​စွာ အ​ဝေး​တ​နေရာဆီမှ ​ရောက်လာတဲ့​ ပစ္စည်း​များ​ ဖြစ်တတ်တယ်။ ဒီလို သယ်ယူပို့​ဆောင်​ရေး​များ​ကို ပြုလုပ်တဲ့​အခါ ကမ္ဘာ့​လေထုအတွင်း​ထဲကို ကာဗွန်ဒိုင်​အောက်ဆိုဒ် တန်​ပေါင်း​များ​စွာ ထုတ်လွှတ်ကြရတတ်ပါတယ်။ ​ဒေသထွက် ပစ္စည်း​များ​ကို ဝယ်ယူသုံး​စွဲပါက ကမ္ဘာ့​လေထုကို ကယ်တင်ရာ ​ရောက်ပါတယ်။

ဆဋ္ဌမ အချက်က​တော့​ ကိုယ့်​ခွက် ကိုယ်သုံး​ဖို့​ပါတဲ့​။ ယ​နေ့​ တခါသုံး​ခွက်​တွေ ​ပေါလှတယ်။ ပိုလီစတိုင်ရင်း​ဖုန်း​ (Polystyrene Foam) ​တွေက​တော့​ ​ဈေး​ပေါလှတယ်။ ​ရောဂါ​တွေကလည်း​ ​သောက်​ရေခွက်​တွေက တဆင့်​ ကူး​တတ်​လေ​တော့​ တခါသုံး​ခွက်​တွေ သုံး​တတ်တယ်။ ဒါဟာ ဆိုး​ရွား​တဲ့​အကျင့်​ပါ။ ခရီး​သွား​ရင်ကိုယ့်​ခွက်ကိုယ် ယူခဲ့​ပါ။ ဒီအတိုင်း​ပဲ တခါသုံး​ ဝါး​ တူ​တွေလည်း​ ​ပေါတယ်။ မိမိ တူကို မိမိသုံး​ပါ။ ဝါး​ပင် များ​စွာကို အသက်ရှင်​စေမှာဖြစ်တယ်။ ဝါး​ပင်များ​ဟာ ကာဗွန်ဒိုင်​အောက်ဆိုဒ် စုပ်ယူရာတွင် အထိ​ရောက်ဆုံး​သော အပင်များ​ ဖြစ်တယ်။

နံပါတ် ၇ မှာ​တော့​ လူထုဆက်သွယ်​ရေး​ ယာဉ်ကိုသုံး​ပါလို့​ ဆိုတယ်။
ဘတ်စ်ကား​ တစီး​သည် လူဦး​ရေ ၅၀ ကို သယ်ယူပို့​ဆောင်နိုင်စွမ်း​ ရှိတယ်။ ရထား​ကပိုပြီး​တော့​ ကုန်နဲ့​လူ သယ်ယူပို့​ဆောင်နိုင်တယ်။ ရထား​ ဘတ်စ်ကား​စတဲ့​ သယ်ယူပို့​ဆောင်​ရေး​တွေဟာ လူတဦး​ချင်း​စီ ပို့​ဆောင်တဲ့​ စွမ်း​အင်ရဲ့​ ထက်ဝက်​ကျော်မျှ ​ချွေတာနိုင်ပါတယ်။

နံပါတ် ၈ မှာ​တော့​ စက်ဘီး​စီး​ဖို့​ သို့​မဟုတ် လမ်း​လျှောက်ဖို့​ အကြံပြုထား​တယ်။ အနီး​အနား​ ခရီး​တွေကို လမ်း​လျှောက်သွား​ပါ။ သို့​မဟုတ် စက်ဘီး​ကို အသုံး​ပြုပါ။ ​ကျောင်း​တွေမှာ ​ကျောင်း​ကြိုပို့​ ယာဉ်​တွေနဲ့​ ရှုပ်​ထွေး​မ​နေသင့်​ပါဘူး​။ အနည်း​ဆုံး​ တပတ် တရက်​လောက်​တော့​ ကား​မစီး​ပါနဲ့​။ ဒါဆိုရင် သင် ကမ္ဘာကြီး​ကို ကယ်တင်​နေသူ တ​ယောက်ပါ။

နံပါတ် ၉ မှာ ​ရေအချိုး​လျှော့​ဖို့​မှာတယ်။ ကမ္ဘာကြီး​မှာ ​ရေသန့်​တွေ နည်း​ပါး​လာ​နေတယ်။ ​ရေနည်း​နည်း​နဲ့​ မြန်မြန်ချိုး​ပါ။ အ​နောက်တိုင်း​လို ​ရေစိမ်ခံကာ ဇိမ်မခံပါနဲ့​။ ​ရေ​အေး​ချိုး​တဲ့​အကျင့်​လုပ်ပါ။ လူတိုင်း​ ​ရေချိုး​လျှော့​ပါက တမိနစ်ကို ​ရေဂါလန် သန်း​ ၅၀၀ သက်သာ​စေသည်။

နောက်ဆုံး​အချက် ၁၀ ဟာ ​နောက်ဆုံး​ဖြစ်​ပေမယ့်​ အ​ရေး​အကြီး​ဆုံး​ပါ။ ဒါက​တော့​ အပင်စိုက်ပါတဲ့​၊​ အပင်​တွေဟာ ကာဗွန်ဒိုင်​အောက်ဆိုဒ်ကို စုပ်ယူတယ်။ တဖက်ကလည်း​ ​အောက်ဆီဂျင်ကို ထုတ်လွှတ်တယ်။ သာမန်သစ်ပင် တပင်ဟာ လူနှစ်​ယောက်အတွက် လုံ​လောက်တဲ့​ ​အောက်ဆီဂျင်ကို ထုတ်လွှတ်​ပေး​နိုင်တယ်။ အပင်များ​ဟာသတ္တဝါ​တွေရဲ့​ ​နေအိမ်လည်း​ ဖြစ်တယ်။ လူ​နေအိမ်အတွက် သစ်သား​ကိုလည်း​ ​ပေး​တယ်။

နိဂုံး​ချုပ် အ​နေနဲ့​ ​ပြောရရင်​တော့​ ဒါဟာ လူတိုင်း​ တတ်နိုင်တဲ့​ ၁၀ ချက်ပါ။ မခက်လှပါဘူး​။ ကမ္ဘာ့​ဝင်ရိုး​စွန်း​မှ ​ရေခဲများ​ အရည်​ပျော်စပြု​နေတာ သင်သိမှာပါ။ မုန်တိုင်း​တွေကိုလည်း​ သင်ခံစား​ဖူး​မှာပါ။ မိမိကိုယ်တိုင် ပါဝင်နိုင်​သောအပိုင်း​ အလွန် နည်း​သော်လည်း​ ထိ​ရောက်တာကို သတိပြုနိုင်ပါတယ်။ အား​လုံး​ပါဝင်ပါမှ ကမ္ဘာကြီး​လည်း​ ကျန်း​မာမည် ဖြစ်​ကြောင်း​ တင်ပြအပ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013