ဈေးဆိုင်ခန်းအခွန်တိုးမြှင့်ကောက်ခံမှု မြင်းခြံတွင် ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
April 25, 2017
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ဈေးဆိုင်ခန်းတွေကို အခွန်တိုးမြှင့် ကောက်ခံတဲ့အတွက် မြို့ခံဈေးသူဈေးသားတွေက ဧပြီ ၂၄ရက်က မြို့တွင်းလှည့်လည် ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။
ဆိုင်ခန်းအခွန်တွေ လျှော့ချကောက်ခံဖို့အတွက် လွှတ်တော်မှာ အဆိုတင်ပေးဖို့နဲ့ လွှတ်တော်အမတ်တွေအနေနဲ့ ဈေးသူဈေးသားတွေဘက်က ရပ်တည်ပေးကြဖို့လည်း ပိုစတာတွေ ကိုင်ဆောင် ကြွေးကြော်သံတွေ အော်ဟစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။