DVB Logo
Home
မြန်မာသတင်း
အစိုး​ရ​ခေါင်း​ဆောင်နှင့်​ မိသား​စုဝင်များ​ကို ပြည်ဝင်ခွင့်​ အီး​ယူ ခွင့်​ပြု
DVB
·
January 23, 2012
အစိုး​ရ​ခေါင်း​ဆောင်နှင့်​ မိသား​စုဝင်များ​ကို ပြည်ဝင်ခွင့်​ အီး​ယူ ခွင့်​ပြု
Donate to DVB

မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ် အ​ရေး​ယူမှု​တွေ စတင်​ဖြေ​လျှော့​ပေး​တဲ့​ ပထမဆုံး​ ​ခြေလှမ်း​အဖြစ် မြန်မာအစိုး​ရ ထိပ်ပိုင်း​ခေါင်း​ဆောင်​တွေနဲ့​မိသား​စု​တွေကို ပြည်ဝင်ခွင့်​ ဗီဇာပိတ်ပင်ထား​တာကို ဒီက​နေ့​ကစပြီး​ ရပ်တန့်​လိုက်တယ်လို့​ အီး​ယူက ​ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ အီး​ယူနိုင်ငံခြား​ရေး​ဝန်ကြီး​တွေ ​တွေ့​ဆုံပြီး​တော့​ ပထမအဆင့်​အ​နေနဲ့​ သ​ဘောတူခဲ့​တာလို့​ အီး​ယူ​ပြော​ရေး​ဆိုခွင့်​ရှိသူ Maja Kocijancic က ​ပြောပါတယ်။

“ဒီ​နေ့​ဆွေး​နွေး​ပွဲမှာ သမ္မတရယ်၊​ ဒုတိယသမ္မတရယ်၊​ အစိုး​ရအဖွဲ့​ဝင်​တွေအပါအဝင် အီး​ယူက​နေ ပိတ်ပင်ထား​တဲ့​ ခရီး​သွား​ခွင့်​ ပိတ်ထား​မှု​တွေကို ဒီ​နေ့​ ရုပ်သိမ်း​လိုက်ပါပြီ။ အီး​ယူ ၂၇ နိုင်ငံက နိုင်ငံခြား​ရေး​ဝန်ကြီး​တွေ သ​ဘောတူခဲ့​တာပါ။ တခြား​ အဆင့်​တွေကို​တော့​ ​နောက်ထပ် ဆက်လက်​ဆွေး​နွေး​မှာပါ။”

ပြီး​ခဲ့​တဲ့​နှစ် ဧပြီလက မူဝါဒ ပြန်လည် သုံး​သပ်တုန်း​က မြန်မာအ​ပေါ် အီး​ယူရဲ့​ ဒဏ်ခတ်အ​ရေး​ယူမှုကို တနှစ် ထပ်မံ သက်တမ်း​တိုး​ခဲ့​ပါတယ်။

ပိတ်ဆို့​အ​ရေး​ယူတာ အဆုံး​သတ်​စေဖို့​ နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ လွှတ်​ပေး​ဖို့​နဲ့​ အတိုက်အခံ​တွေနဲ့​ စကား​ပြောဖို့​ အီး​ယူက မြန်မာအစိုး​ရကို ​တောင်း​ဆိုခဲ့​ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့​ပြုပြင်​ပြောင်း​လဲမှု​တွေကို တွန်း​အား​ပေး​တဲ့​အ​နေနဲ့​ လုပ်​ဆောင်တာဖြစ်​ပေမယ့်​ ကန့်​သတ်ပိတ်ပင်ထား​မှု​တွေအား​လုံး​ အဆုံး​သတ်ဖို့​က​တော့​ ​နောက်ထပ် အ​ကောင်း​ဘက်ကို ဦး​တည်တဲ့​ အ​ပြောင်း​ အလဲ​တွေ အစိုး​ရက လုပ် မလုပ်ကို ​စောင့်​ကြည့်​ရဦး​မယ်လို့​ အီး​ယူသံတမန်​တွေက မီဒီယာ​တွေကို ​ပြောပါတယ်။

အီး​ယူ နိုင်ငံခြား​ရေး​ရာ မူဝါဒအကြီး​အကဲ ကတ်သရင်း​ အက်ရှတန်က​တော့​ မြန်မာနိုင်ငံမှာ ထူး​ခြား​တဲ့​ အ​ပြောင်း​အလဲ​တွေ ဖြစ်​ပေါ်​နေတဲ့​ အ​ကြောင်း​နဲ့​ လာမယ့်​ ဧပြီလမှာ သူ့​အ​နေနဲ့​မြန်မာနိုင်ငံကို သွား​ရောက် လည်ပတ်မယ်လို့​ပြောပါတယ်။

အီး​ယူအဖွဲ့​တွင်း​ မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှု ရုပ်သိမ်း​ရေး​နဲ့​ ပတ်သက်ပြီး​ သ​ဘောထား​ကွဲလွဲမှု ရှိ​နေပြီး​ တချို့​က ကြား​ဖြတ်​ရွေး​ကောက်ပွဲ ပြီး​တဲ့​အချိန်ထိ ​စောင့်​ချင်​နေတယ်လို့​လည်း​ ဆိုပါတယ်။

မြန်မာအစိုး​ရကလည်း​ အထင်ကရ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို လွှတ်​ပေး​သလို ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​ဆွေး​နွေး​ခဲ့​ပြီး​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေနဲ့​လည်း​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013