DVB Logo
Home
မြန်မာသတင်း
ကြံ့​ခိုင်​ရေး​ပါတီ စည်း​ရုံး​ရေး​တွင် နိုင်ငံ​တော်ပိုင်ပစ္စည်း​များ​ကို သုံး​စွဲ
DVB
·
January 23, 2012
ကြံ့​ခိုင်​ရေး​ပါတီ စည်း​ရုံး​ရေး​တွင် နိုင်ငံ​တော်ပိုင်ပစ္စည်း​များ​ကို သုံး​စွဲ
1 / 2
Donate to DVB

လက်ရှိ အာဏာရ ပြည်​ထောင်စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီဟာ ကြား​ဖြတ် ​ရွေး​ကောက်ပွဲအတွက် စည်း​ရုံး​ရေး​ခရီး​တွေမှာ နိုင်ငံ​တော်ပိုင်ပစ္စည်း​တွေကို သုံး​စွဲပြီး​တော့​ ​ငွေ​ကြေး​နဲ့​လည်း​ စည်း​ရုံး​တာ​တွေ ရှိတယ်လို့​ ​ကျောက်ပန်း​တောင်း​ ​ဒေသခံ​တွေက ​ပြောပါတယ်။

အာဏာရ ပြည်​ထောင်စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီဟာ အခုရက်ပိုင်း​အတွင်း​မှာ ​ကျောက်ပန်း​တောင်း​မြို့​ကို ပါတီစည်း​ရုံး​ရေး​ ခရီး​စဉ်​တွေမှာ နိုင်ငံပိုင် အ​ဆောက်အဦ​တွေကို သုံး​စွဲခဲ့​တယ်လို့​ ဆိုပါတယ်။

မန္တ​လေး​တိုင်း​ဒေသကြီး​ လွှတ်​တော်ကိုယ်စား​လှယ်​တွေ ဖြစ်ကြတဲ့​ ဦး​ဌေး​အောင်​ကျော်နဲ့​ ဦး​ရဲမြင့်​အောင်တို့​ဟာ ​ကျောက်ပန်း​တောင်း​မြို့​ မြို့​မကွက်သစ် အစိုး​ရပိုင် မူလတန်း​ကျောင်း​မှာ အစည်း​အ​ဝေး​ လုပ်​ဆောင်တာနဲ့​ ပတ်သက်ပြီး​တော့​ ​ဒေသခံ ကို​အေး​ခိုင်က ခုလို ​ပြောပါတယ်။

“ကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက မဲဆွယ်စည်း​ရုံး​ဖို့​အတွက် ​ကျောက်ပန်း​တောင်း​မြို့​ကို ​ရောက်လာပြီး​တော့​ မြို့​မကွက်သစ်ရပ်ကွက်မှာ ရပ်ကွက်ဥက္ကဋ္ဌကို ​ခေါ်ပြီး​တော့​ လူ​တွေစုခိုင်း​ပါတယ်။ ​နေရာက​တော့​ မြို့​မကွက်သစ်မြို့​က မူလတန်း​ကျောင်း​ အစိုး​ရပိုင်​ကျောင်း​မှာ ကျင်း​ပကြပါတယ်။ စည်း​ရုံး​ရေး​လုပ်ပါတယ်။ ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ ပါတီအ​နေနဲ့​ အစိုး​ရပိုင် အ​ဆောက်အဦမှာ လုပ်ခွင့်​မရှိပါဘူး​။ ဘယ်ပါတီမဆို ​ရွေး​ကောက်ပွဲဥပ​ဒေအရ လုပ်ခွင့်​မရှိပါဘူး​။ လက်ရှိ အာဏာပိုင် အဖွဲ့​အစည်း​ကလူ​တွေကို အသုံး​ချပြီး​တော့​ စည်း​ရုံး​ရေး​ လှုပ်ရှား​နေတာပါ။”

ကြံ့​ခိုင်​ရေး​ပါတီဟာ နိုင်ငံ​တော်ပိုင် အ​ဆောက်အဦ​တွေကို အသုံး​ပြု​နေသလို မဲဆွယ်စည်း​ရုံး​ရေး​တွေမှာ ​ငွေ​ကြေး​ ​ထောက်ပံ့​ပေး​မယ် ဆိုပြီး​ ​ကျေး​ရွာ​တွေမှာ ​ပြောဆိုတာ​တွေ ရှိတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မကြာခင် ကျင်း​ပ​တော့​မယ် စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ် ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်အတွက် ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​နဲ့​ ကိုယ်စား​လှယ်​လောင်း​ ဦး​ဌေး​နိုင်ဟာ မဲဆွယ် စည်း​ရုံး​ရေး​တွေ လုပ်ခဲ့​တယ်လို့​ ​ဒေသခံ​တွေက ​ပြောကြပါတယ်။

အဲဒီခရီး​စဉ်မှာ ပုလဲမြို့​နယ်က ​ကျေး​ရွာ​တွေ ရွာငယ်​တွေ အတွက်ဆိုရင် ကျပ် ၅ သိန်း​၊​ ရွာကြီး​တွေအတွက် ကျပ် ၁၀ သိန်း​ ​ထောက်ပံ့​မယ်လို့​ ကတိပြု ​ပြောပြီး​တော့​ ​ငွေမရရှိခဲ့​ဘဲ လက်ခံရရှိ​ကြောင်း​ကို ဓာတ်ပုံရိုက် မှတ်တမ်း​ယူတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013