A d v e r t i s e m e n t With Us

ချီလီတွင် ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းမြေငလျင်လှုပ်ခတ်

ပုံ - တွစ်တာ
ချီလီနိုင်ငံမှာ ဒီကနေ့မနက်အစောပိုင်းက ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိတဲ့ အင်အားပြင်း မြေငလျင်တခု လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေတော့ မရှိခဲ့ဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီငလျင်ဟာ ပစိဖိတ်ဒေသအလယ်ပိုင်း ကမ်းရိုးတန်းဆီ ဗဟိုပြုပြီး ဗယ်လ်ပါရေဆိုဆိပ်ကမ်းမြို့ရဲ့ အနောက်ဘက် ၃၅ ကီလိုမီတာအကွာမှာ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့က ပြောပါတယ်။ ချီလီနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရုံးကတော့ လက်ရှိအချိန်ထိ ထိခိုက်ပျက်စီး ဆုံးရှုံးတာမျိုးတွေ မရှိသေးဘူးလို့ ဆိုပါတယ်။ ပင်လယ်ပြင်မှာတော့ အားကောင်းတဲ့လှိုင်းတွေ ဖြစ်ပေါ်နေပြီး ကမ်းရိုးတန်းမြို့တွေဆီ ဆူနာမီလှိုင်းတွေ ရိုက်ခတ်နိုင်တဲ့အတွက် သတိပေးချက်တွေလည်း ထုတ်ပြန်ထားခဲ့ရပါတယ်။ ချီလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိတဲ့ ဆူနာမီလှိုင်း ရိုက်ခတ်မှုကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဒါဟာ အပြင်းထန်ဆုံး ထိခိုက်မှုဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up