DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး​ အပစ်ရပ်စဲရန် မွန်အမျိုး​သား​ညီလာခံက ​တောင်း​ဆို
DVB
·
January 23, 2012
တနိုင်ငံလုံး​ အပစ်ရပ်စဲရန် မွန်အမျိုး​သား​ညီလာခံက ​တောင်း​ဆို
Donate to DVB

သမ္မတဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရအ​နေနဲ့​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​ကို လိုလား​ရင် တနိုင်ငံလုံး​အပစ်ရပ်ပြီး​ နိုင်ငံ​ရေး​ပြဿနာ​တွေကို ​တွေ့​ဆုံ​ဆွေး​နွေး​ အ​ဖြေရှာနည်း​နဲ့​ အလျင်အမြန် ​ဖြေရှင်း​သင့်​တယ်လို့​ မွန်အမျိုး​သား​ရေး​ရာ အဖွဲ့​ချုပ်က ​တောင်း​ဆို​ လိုက်ပါတယ်။

မွန်​ညီ​လာ​ခံအ​တွင်း​​ ​တွေ့​​ရ​စဉ်

မွန်ပြည်သစ်ပါတီ ထိန်း​ချုပ်နယ်​မြေမှာ ဒီလ ၁၈ ရက်က​နေ သုံး​ရက်ကြာ ကျင်း​ပတဲ့​ ညီလာခံမှာ ကိုယ်စား​လှယ်​တွေ လက်ရှိနိုင်ငံ​ရေး​ အ​ခြေအ​နေ​တွေကို ​ဆွေး​နွေး​ သုံး​သပ်ပြီး​ အစိုး​ရကို ​တောင်း​ဆိုလိုက်တာ ဖြစ်ပါတယ်။

မွန်အမျိုး​သား​ရေး​ရာအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ နိုင်လယ်​ရော့​က “အခုက သူတို့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​တယ်။ ဒါ​ပေမယ့်​ ဟိုမှာက ပစ်​နေတယ်။ ကယား​မှာလည်း​ ပစ်​နေတယ်၊​ ကချင်မှာလည်း​ ပစ်​နေတဲ့​ ပုံစံမျိုး​က ဒါ ငြိမ်း​ချမ်း​ရေး​မဟုတ်ဘူး​။ ငြိမ်း​ချမ်း​ရေး​၊​ အပစ်ရပ်တယ် ဆိုတာ အကုန်လုံး​ ရပ်စဲရမယ်။ ​နောက်​တော့​မှ ​ဆွေး​နွေး​တဲ့​ပုံစံမျိုး​။ အဲဒီလို ပုံစံပဲ လိုချင်တယ်။”

သုံး​ရက်ကြာ ညီလာခံမှာ ပြည်တွင်း​ပြည်ပ၊​ မွန်ပြည်သစ်ပါတီ ထိန်း​ချုပ်နယ်​မြေ နယ်စပ်နဲ့​ ညီလာခံအပြီး​ ထုတ်ပြန်တဲ့​ ​ကြေညာချက်မှာ မွန်ပြည်နယ်မှာ ​ဒေသလုံး​ဆိုင်ရာ မွန်ဒီမိုက​ရေစီပါတီနဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ နှစ်ပါတီကို တပါတီတည်း​အဖြစ် ပူး​ပေါင်း​လုပ်ကိုင်ဖို့​ လိုလား​တယ်လို့​ ကိုယ်စား​လှယ်​တွေက ​တောင်း​ဆိုကြတယ်လို့​ ဆိုပါတယ်။

“ဒါ​ပေမယ့်​ အဓိက အချက်က ကျ​နော်တို့​ မြင်တာက ကျ​နော်တို့​ မွန်​ရေး​ရာ အဖွဲ့​ချုပ်ရဲ့​ ကိုယ်စား​လှယ်​တွေ သူတို့​ဆိုရင်​တော့​ တကယ်လို့​ ကျ​နော်တို့​ မွန်ပြည်နယ်မှာ၊​ ​နောက် ​ရွေး​ကောက်ပွဲ ​ရောက်တဲ့​နေရာမှာ တပါတီတည်း​ သူတို့​ ဖြစ်​စေချင်တယ်။ တကယ်လို့​ နှစ်ပါတီဆိုရင် ကျ​နော်တို့​ အင်အား​ကျသွား​မယ်။ အဲဒီအတွက်​ကြောင့်​ ကျ​နော်တို့​ မွန်ဒီမိုက​ရေစီပါတီနဲ့​ အခု မွန်​ဒေသလုံး​ဆိုင်ရာ ပါတီ နှစ်ခုကို တခုတည်း​ဖြစ်​အောင် ကျ​နော်တို့​တွေ သူတို့​ကို အကြံဥာဏ်​တွေ​ပေး​ရမယ်၊​ ဖိအား​ပေး​ရမယ် သ​ဘောနဲ့​ ကျ​နော်တို့​ ကိုယ်စား​လှယ်​တွေ သ​ဘောတူထား​တာ​ပေါ့​။”

မွန်၊​ ဗမာ၊​ အင်္ဂလိပ်ဘာသာ​တွေနဲ့​ ​ရေး​သား​ထား​ပြီး​ ရာမည မွန်ပြည်နယ် ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ မူကြမ်း​ကို ပြည်သူလူထုအကြား​ ချပြဖို့​နဲ့​ မွန်အမျိုး​သား​ အဖွဲ့​ချုပ်ကိုလည်း​ ပြည်သူ့​လွှတ်​တော် ပါလီမန်ကဲ့​သို့​ မြှင့်​တင်သွား​ဖို့​ ကိုယ်စား​လှယ်​တွေက သ​ဘောတူခဲ့​ပါတယ်။

ဒီညီလာခံမှာ မျက်​မှောက် မွန်အမျိုး​သား​တွေရဲ့​ နိုင်ငံ​ရေး​၊​ စစ်​ရေး​၊​ ပညာ​ရေး​နဲ့​ မွန်အမျိုး​သား​ရေး​ရာအဖွဲ့​ရဲ့​ ဦး​ဆောင်မှုဆိုင်ရာ​တွေကို ​ဆွေး​နွေး​သလို ရာမည မွန်ပြည်နယ် ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ မူကြမ်း​ကို ပြန်လည် သုံး​သပ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013