DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​တော်အရန်ဆန် စတင် ဝယ်ယူ
DVB
·
January 23, 2012
နိုင်ငံ​တော်အရန်ဆန် စတင် ဝယ်ယူ
Donate to DVB

မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​က​နေ နိုင်ငံ​တော် အရန်ဆန်ကို စတင် ဝယ်ယူ​တော့​မယ်လို့​ သိရပါတယ်။

နိုင်ငံ​တော် အရန်ဆန် တန်ချိန် ဆယ်သိန်း​ကို ​တောင်သူ လယ်သမား​တွေဆီက တိုက်ရိုက်ဝယ်မယ်လို့​ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​ အသင်း​က​နေ သိရပါတယ်။

တောင်သူလယ်သမား​တွေရဲ့​ အ​ခြေခံ စပါး​ဈေး​နှုန်း​ဟာ အရင်နှစ်​တွေထက် ​ဈေး​ကျ​နေပြီး​ ​တောင်သူ​တွေ စိုက်ပျိုး​စရိတ် ကာမိရုံနဲ့​ ​နွေစပါး​တွေ အရင်း​နှီး​ရ​အောင် အခုလို ဝယ်ယူတာလို့​ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​က ဒုတိယဥက္ကဋ္ဌ ဦး​အောင်သန်း​ဦး​က ​ပြောပါတယ်။

“​တောင်သူလယ်သမား​တွေရဲ့​ အ​ခြေခံစပါး​ဈေး​တွေ သိပ်ကျ​နေလို့​ အဓိက က​တော့​ အရန်ဆန်ထက် အ​ခြေခံစပါး​ဈေး​ကျတာကို ကျ​နော်တို့​ သူတို့​ ​ဈေး​လေး​တွေ ရ​စေချင်တာ​ပေါ့​နော်။ ကျ​နော် အခု ဝယ်မယ့်​ အစီအစဉ်က ​တောင်သူလယ်သမား​ဆီကပဲ တိုက်ရိုက်ဝယ်မှာဗျ၊​ ကုန်သည်ဆီကဆိုရင် မဝယ်ဘူး​ဗျ။ လက်ရှိ​တောင်သူ​တွေ မ​ရောင်း​ဘဲ ကျန်​နေ​သေး​တယ်၊​ တချို့​ဈေး​မရလို့​ လက်ထဲမှာ ကိုင်ထား​တဲ့​ ​တောင်သူ​တွေအတွက် အဓိက ဦး​စား​ပေး​ ဝယ်မှာ။ ​နောက်တခုက မကြာခင်မှာလည်း​ ​နွေစပါး​ ​ပေါ်​တော့​မှာ။ ​နွေစပါး​ကျရင်လည်း​ သူတို့​အတွက် အ​ထောက်အကူဖြစ်​အောင်။ ပမာဏက​တော့​ ကျ​နော်တို့​ ​ငွေရှိသ​လောက် ဝယ်မှာ​ပေါ့​။ တန်ချိန် ၁ သိန်း​ နီး​ပါး​ပေါ့​။”

ပြင်ပ ​ပေါက်​ဈေး​မှာ​တော့​ စပါး​တင်း​ တရာကို ကျပ်​ငွေ ၂ သိန်း​ ၈ ​သောင်း​နဲ့​ ၂ သိန်း​ ၉ ​သောင်း​ ကြား​မှာ ရှိ​နေ​ပေမယ့်​လည်း​ ဆန်စပါး​လုပ်ငန်း​ အသင်း​က​နေ စပါး​တင်း​တရာကို ကျပ်​ငွေ ၃ သိန်း​ ၃ ​သောင်း​အထိ ​ပေး​ဝယ်တာလို့​ ဦး​အောင်သန်း​ဦး​က ​ပြောဆိုပါတယ်။

အခုလို ​တောင်သူ​တွေဆီက ဝယ်ထား​ပြီး​တဲ့​နောက်မှာလည်း​ နိုင်ငံတကာ ​ဈေး​ကွက်ကို တင်ပို့​ရောင်း​ချမယ်လို့​ ဆိုပါတယ်။

“အဓိကက​တော့​ ​ဈေး​ကွက်ထဲက ​နေပြီး​တော့​ ​တောင်သူ​တွေ လက်ထဲကို ​ငွေ​ရောက်ချင်တာ​ပေါ့​။ သူတို့​ ​ငွေ ​လော​လောဆယ် စပါး​ မ​ရောင်း​ရ​သေး​တဲ့​အတွက် ​ငွေမလည်တာတို့​ ဘာတို့​ ကျ​နော်တို့​ကလည်း​ ဒီဟာ​တွေ တကယ်လက်ရှိလည်း​ လက်ထဲမှာထား​မယ်။ တချို့​တဝက်လည်း​ စပါး​ဈေး​ကွက်ထဲမှာ ပြန်ပြီး​တော့​မှ export လုပ်မယ်။ အဲဒါ ​ရောင်း​ပြီး​ရင်လည်း​ ပြန်ဝယ် ဖြည့်​သွား​မှာ​ပေါ့​။”

ပြင်ပ​ပေါက်​ဈေး​ထက် ​တောင်သူ​တွေဆီက​နေ ​ဈေး​မြင့်​ ​ပေး​ဝယ်​ပေမယ့်​ ကုန်သည်​တွေပဲ အကျိုး​ရှိနိုင်မယ်လို့​ ရန်ကုန်အ​ခြေစိုက် စီး​ပွား​ရေး​ဆောင်ပါး​ရှင် တဦး​က သုံး​သပ် ​ပြောဆိုပါတယ်။

“တကယ်တမ်း​ လယ်သမား​တွေက အ​ကြွေး​ရှိတဲ့​အခါကျ​တော့​ အ​စောကြီး​ကလည်း​က ​ရောင်း​ထုတ်လိုက်ပြီ။ ဆန်​တွေက သူတို့​လက်ထဲမှာ မရှိ​တော့​ဘူး​။ ကုန်သည်​တွေ လက်ထဲကို ​ရောက်သွား​ပြီ။ အခု ဝယ်မယ်ဆိုရင်လည်း​ ကုန်သည်​တွေပဲ အဆင်​ပြေမှာ။ လယ်သမား​ကို အဆင်​ပြေ​အောင် မြန်မာနိုင်ငံ ဆန်​ဈေး​ကျ​နေတာကို ပြန်တက်သွား​အောင် ဆိုပြီး​တော့​ ၃၃ (စပါး​တင်း​တရာကို ၃ သိန်း​ ၃ ​သောင်း​) ​ပေး​ပြီး​ ဝယ်တာပဲ။ ဒါ​ပေမယ့်​ ခက်တာက လယ်သမား​က အ​ကြွေး​ရှိ​တော့​ အ​စောကြီး​ကတည်း​က အကုန် ရှင်း​ထုတ်လိုက်တဲ့​ အခါကျ​တော့​ သူ့​လက်ထဲမှာ ဆန်မရှိ​တော့​ဘူး​။ ​ဈေး​ကောင်း​ ​ပေး​ဝယ်​နေတဲ့​အချိန်မှာ သူ့​လက်ထဲမှာ ဆန်က မရှိ​တော့​ဘူး​။ ၃၃ နဲ့​ ​ရောင်း​တဲ့​ဟာကို အဆင်​ပြေသွား​မှာက ကုန်သည်​တွေပဲ။ ကုန်သည်​တွေ လက်ထဲမှာပဲ ဆန်ရှိတယ်။”

မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​ရှင်အသင်း​က​နေ နိုင်ငံ​တော်အရန်ဆန် ဝယ်ယူတာဟာ ပထမဦး​ဆုံး​အကြိမ်လည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013