Home
မြန်မာသတင်း
ချစ်သူက လက်ထပ်သွားသည့်အတွက် အမျိုးသား ၁ ဦး အဆိပ်သောက် သေဆုံး
DVB
·
April 24, 2017
17992295_1208812535908478_6203004410004063246_n
  ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့မှာ ဧပြီ ၂၄ ရက်နေ့ မနက် ၆ နာရီက အမျိုးသားတဦး အဆိပ်သောက်သေဆုံးခဲ့တယ်လို့ ကညွတ်ကွင်းမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းက သိရပါတယ်။ “ကျနော်တို့ သိတာကတော့ မနက်ကပေါ့။ ဆေးရုံက ဆရာဝန်ကြီးက ဖုန်းဆက်တယ်။ အဆိပ်သောက်တဲ့လူနာ ရောက်တယ်ဆိုပြီးတော့။ အဲဒီမှာ ကျနော်တို့သွားတော့ ဆုံးနေပြီဗျ။ ပဲပိုးမကျအောင် သုံးတဲ့ဆေးပြားကို သောက်တာဗျ။ ကောင်လေးက အငယ်ပဲ ရှိပါသေးတယ်”လို့ ကညွှတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ဖြစ်စဉ်မှာ ကညွတ်ကွင်းမြို့၊ ဗိုလ်တဲရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် အောင်နိုင် ဟာ ချစ်သူ မင်္ဂလာဆောင်သွားတာကြောင့် စိတ်ညစ်ပြီး အဆိပ်သောက်ခဲ့ပါတယ်။ သောက်သုံးတဲ့ အဆိပ်မှာ ပဲတွေ ပိုးသတ်ရာမှာ အသုံးပြုတဲ့ ဆေးပြားနှစ်ပြား သောက်သုံးခဲ့တာကြောင့်  မိသားစုဝင်တွေက ကညွတ်ကွင်း ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသစဉ် သေဆုံးသွားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ အဆိုပါဖြစ်စဉ်ကို ကညွှတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၂/ ၂၀၁၇ အရ အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024