အန်စီအေစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာအစည်းအဝေး ကျင်းပ (ဓာတ်ပုံ)
DVB
·
April 24, 2017
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီကနေ့ မနက်က နေပြည်တော်မှာ ကျင်းပနေပါတယ်။
ဒီအစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဝင်တွေနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကို ၈ ဖွဲ့က ခေါင်းဆောင်တွေရဲ့ တက်ရောက် ဆွေးနွေးနေတာပါ။
ဒီအစည်းအဝေးကနေ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကျင်းပမယ့်ရက် သတ်မှတ်ဖို့ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။