A d v e r t i s e m e n t With Us

နေပြည်တော်ဥပဒေအရာရှိနှင့် အမှုစစ်ရဲအရာရှိတို့ကို လာဘ်ငွေယူမှုဖြင့် အမှုဖွင့် (ရုပ်သံ)

ဥပဒေအရာရှိနှင့် အမှုစစ်ရဲအရာရှိတို့ကို လာဘ်ငွေယူ... by dvburma အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဥပဒေအရာရှိတဦးနဲ့ အမှုစစ်ရဲအရာရှိတဦးတို့ကို  နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ လာဘ်ငွေယူမှုနဲ့ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။ ဇဗ္ဗူသီရိမြို့နယ် ဥပဒေရုံးက ဥပဒေအရာရှိ ဦးကျော်သူရဝင်းနဲ့ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မ ရဲစခန်းက ဒုတိယ ရဲအုပ်ခင်မောင်ညို တို့ကို အမှုဖွင့်တိုင်ကြားလာတာလို့ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး မြင့်ဌေးက ပြောပါတယ်။ ဥပဒေအရာရှိ ဦးကျော်သူရဝင်းဟာ (ပ) ၂၁၆ / ၂၀၁၆ နဲ့ တရားစွဲဆိုခံရတဲ့ တရားခံ ဦးဖိုးလုံးရဲ့သမက်ဖြစ်သူ ဦးသက်ထွန်းအောင်ထံက ကျပ်ငွေ သိန်း ၂၀ လာဘ်ငွေရယူခဲ့တယ်လို့ ပေါ်ပေါက်လာတဲ့အတွက် အမှုဖွင့် တိုင်ကြားခံရတာဖြစ်ပါတယ်။ ဒုရဲအုပ်ခင်မောင်ညိုကိုလည်း ငွေကျပ် ၇ သိန်း ဝန်းကျင် လာဘ်ငွေ ယူခဲ့လို့  ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ စစ်ဆေးရေးမှူးတွေဖြစ်တဲ့  ဦးအောင်မြင့်ဇော် နဲ့  ဦးစိုးသန်းတို့က တရားလိုလုပ်ပြီး ဧပြီ ၂၂ ရက်မှာ အမှုဖွင့် တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up