မွန်တီကာလို တင်းနစ်ပြိုင်ပွဲတွင် နဒါးက ဒီယေဂိုကို နှစ်ပွဲပြတ်အနိုင်ရ

350
ပြင်သစ်နိုင်ငံ မိုနာကိုမှာ ယှဉ်ပြိုင်သွားတဲ့ မွန်တီကာလို မာစတာစ် တင်းနစ်ပြိုင်ပွဲ အမျိုးသား တယောက်ချင်း ကွာတားဖို်င်နယ်မှာ ရာဖယ် နဒါးက အာဂျင်တီးနားက ဒီယေဂို ရှဝပ်ဇမန်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပြိုင်ပွဲကို နာမည်ကြီး တင်းနစ်သမား တော်တော်များများ ၀င်ရောက် ယှဉ်ပြိုင်ကြပြီး နိုဗက် ဂျိုကိုဗစ်ကတော့ ကွာတားအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။
ဂျိုကိုဗစ် ကွာတားအဆင့်မှာ ရှုံးသွားလို့ နဒါးက ဒီပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ဖြစ်နေပါတယ်။
မြေစေးကွင်းမှာ ကျွမ်းကျင်တဲ့ နဒါးကပဲ အကွက်ချက် ရိုက်ချက်တွေနဲ့ ထောင်ဖြတ် ရိုက်ချက်တွေကနေ အမှတ်သယ်ပြီး ၂ ပွဲစလုံးကို ၆ - ၄နဲ့ အနိုင်ရ သွားပါတယ်။
မွန်တီကာလို ဆီးမီးဖိုင်နယ်မှာတော့ ရာဖယ် နဒါးဟာ ဘယ်ဂျီယံ ဒေးဗစ် ဂေါ်ဖင်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။