A d v e r t i s e m e n t With Us

စာပေစိစစ်ရေးတွင် မူမရှိကြောင်း အယ်ဒီတာတဦး ပြောကြား

စာပေစိစစ်ရေးဟာ မူမရှိဘဲ ခွင့်ပြုချင်တာ ခွင့်ပြုပြီး၊ ပိတ်ချင်တာ ပိတ်လုပ်နေတယ်လို့ ပြည်တွင်းအယ်ဒီတာ တဦးက ပြောပါတယ်။ စာပေစိစစ်ရေးအဖွဲ့ဟာ အရင်က ဖော်ပြခွင့် ပိတ်ပင်ထားတဲ့ စာမူနဲ့ အင်တာဗျူးတွေကို​ ​ပြန်လည်ဖော်ပြခွင့် ပြုလာသလို တဖက်မှာလည်း လတ်တလော​ ​ဖြစ်ပွားခဲ့တဲ့​ ​ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားတဲ့ သတင်းမျိုးကိုလည်း ဖော်ပြခွင့် ပိတ်ပင်နေတဲ့အတွက် စိစစ်ရေးအဖွဲ့မှာ မူမရှိဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။ “သူ့မူနဲ့သူပေါ့နော် စိစစ်တာလည်း ရှိဆဲပဲ။ စိစစ်တဲ့နေရာမှာလည်း ခက်တာက နဂိုတုန်းကလို ဘယ်အကြောင်းအရာဆို ဘယ်လို စိစစ်မယ်ဆိုတဲ့ မူက တိတိကျကျ မရှိတဲ့ အခါကျတော့ မျက်နှာလိုက်ပြီး ဟိုမှာ ဖော်ပြခွင့်ပြုတာရှိပြီး ဒီဘက်မှာကျ ဖော်ပြခွင့် မပြုတာတွေ ရှိတယ်။ စိစစ်ရေးမှူးတွေကလည်း တယောက်နဲ့ တယောက်က မတူကြဘူးလေ။ ပိုကြောက်တဲ့လူက ပိုဖြုတ်တယ်။ ဖြုတ်တာတွေလည်း ခံရတာပဲ။ အဲ့လိုဖြစ်တာပေါ့။” ဒီတပတ်ထုတ် လျှပ်တပြက်ဂျာနယ်မှာ လွန်ခဲ့တဲ့ တနှစ်ကျော် ၂၀၁၀ ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်နဲ့ မေးမြန်းခန်း၊ ၂၀၀၈ စက်တင်ဘာလက သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ မေးမြန်းခန်း စတာတွေ ဖော်ပြထားသလို The Voice ဂျာနယ်မှာလည်း ၂၀၁၁ ခုနှစ်အတွင်းက ခွင့်မပြုတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စ မေးမြန်းခန်း စတာတွေ ဖော်ပြခွင့်ပေးလာတာ တွေ့မြင်ရပါတယ်။ လက်ရှိ အစိုးရသဘောထားနဲ့ မကိုက်ညီတဲ့ စာမူတွေကိုတော့ ဖြတ်တောက် စိစစ်ဆဲဖြစ်သလို ထုတ်ဝေခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတုန်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စာပေစိစစ်ရေးဌာနဆိုတာ ရှိတော့မှာ မဟုတ်ပါဘူးလို့ စိစစ်ရေးညွှန်မှူးဖြစ်သူက ပြည်ပမီဒီယာတခုကို ပြီးခဲ့တဲ့နှစ်ထဲမှာ ပြောကြားခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up