A d v e r t i s e m e n t With Us

မြ၀တီမြို့တွင်း မြို့ပြင် မြေဈေးများ တက်

ြမဝ​တီ​တံ​တား​​ေပါ်​မှ​ ​ြမန်​မာ​ြပည်​ဘက်​သို့​​ြမင်​ကွင်း​
[caption id="attachment_20253" align="alignleft" width="310" caption="မြဝ​တီ​တံ​တား​​ပေါ်​မှ​ ​မြန်​မာ​ပြည်​ဘက်​သို့​​မြင်​ကွင်း​"][/caption] မြ၀တီတံတားဖွင့်ပြီးနောက်​ ​မြ၀တီမြို့တွင်းက ​မြေဈေးတွေရော မြို့ပြင်က​ ​မြေဈေးတွေပါ တက်ကုန်တာလို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်နေသူ တဦးက ပြောပါတယ်။ “လက်တလောမှာ မြေဈေးက မိန်းလမ်းရော၊ မြို့ပြင်တွေမှာရော​ ​ဈေးတော်တော် မကြုံဖူးလောက်အောင် တက်တယ်ပေါ့​ ​မြေတွေက။ ​နောက်တခါ ပေ ၆၀ ပတ်လည် အသစ်ချတဲ့ အကွက်တွေက ငွေ ၅ သိန်း သွင်းရတယ် ၂၀၁၀ မှာ။ အဲဒီအချိန်မှာ မြေဈေးက အကြမ်းဖျင်း ၄၀-၄၅-၅၀ လောက်ကနေပြီးတော့ ၁၅၀ လောက်အထိကိုပဲ အော်နေကြတယ်။” အဲ့ဒီနေရာမှာ ပေ ၄၀-၆၀ မြေကွက်ပေါင်း သုံးရာလောက်ရှိပြီး​ ​မြေ၀ယ်ယူသူသာရှိပြီး​ ​ရောင်းမယ့်သူ မရှိဘူးလို့လည်း ပြောပါတယ်။ အထူးသဖြင့် ဘုရင့်နောင် မိန်းလမ်းမကြီးပေါ်မှာရှိတဲ့ မြို့တွင်းမြို့ပြင် မြေကွက်ဈေးတွေ မကြုံစဖူး ဈေးကောင်းရနေကြတာပါ။ မနှစ်က မြို့တွင်း သိန်း ၁၅၀၀ လောက်ပဲ ပေးရတဲ့ ပေ ၄၀-၆၀ မြေကွက်မျိုး အလားတူကို  ဒီနှစ်မှာ ကျပ်သိန်း ၃၀၀၀ ကျော် ဈေးပေါက်နေတာပါ။ မြ၀တီမြို့တွင်း မြို့ပြင် မြေ၀ယ်ယူနေသူတွေဟာ မြ၀တီမြို့က လုပ်ငန်းရှင်တွေရော၊ တခြားမြို့ရွာတွေက လုပ်ငန်းရှင်တွေပါ ဖြစ်ကြပြီး အထူးသဖြင့်တော့ စီးပွားရေးလုပ်ဖို့ ၀ယ်ယူနေကြတာ​ ဖြစ်ပါတယ်။ မြ၀တီစက်မှုဇုန် တည်ဆောက်မယ့် သတင်းကြောင့်လည်း ခုလို မြေဈေးတွေ တက်ကုန်တာ ဖြစ်ပါတယ်။ မြ၀တီစက်မှုဇုန်ကို မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် ကျေးရွာအုပ်စု၊ ရာသစ်ကျေးရွာအနီး မြေဧက ၇၄၀ ပေါ်မှာ တည်ဆောက်သွားဖို့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up