Homeမြန်မာသတင်း
တနှစ်ကျော်အတွင်း နိုင်ငံတ၀န်း ၀ါးပျိုးပင် ၁ သန်းကျော် ဖြန့်ဝေခဲ့ဟု ၀ါးစိုက်ပျိုးရေးအသင်းပြော
တနှစ်ကျော်အတွင်း နိုင်ငံတ၀န်း ၀ါးပျိုးပင် ၁ သန်းကျော် ဖြန့်ဝေခဲ့ဟု ၀ါးစိုက်ပျိုးရေးအသင်းပြော
DVB
·
April 22, 2017
တနှစ်ကျော်အတွင်းမှာ တနိုင်ငံလုံးကို ဝါးပျိုးပင် ၁၀ သိန်းကျော် ဖြန့်ဝေပေးခဲ့တယ်လို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းက ပြောပါတယ်။
ဝါးပင်က သဘာဝမြေဆီလွှာ ပျက်စီးမှုတွေကို ထိန်းသိမ်းပေးတဲ့အပြင် ဝါးပင်ကနေ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ပြီး အပိုဝင်ငွေ ရရှိစေဖို့ ရည်ရွယ်ပြီး ဖြန့်ဝေပေးခဲ့တာလို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းဝင် ကိုစောသီဟမောင်က ပြောပါတယ်။
လက်တလော ဝါးပျိုးပင် အမျိုးအစား ၅မျိုးခန့်ကို ဖြန့်ဝေပေးထားပြီး ဒီနှစ်မှာတော့ ဝါးပျိုးပင် ၇ မျိုး လောက်ထိ တိုးမြှင့် ဖြန့်ဝေပေးသွားမယ်လို့ ဆိုပါတယ်။
ဝါးက ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုလည်း ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ဖို့ ဈေးကွက် ချိတ်ဆက်မှုတွေ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
ဝါးတွေကို ခုတ်ယူရာမှာ သဘာဝပတ်ဝန်းကျင် မပျက်စီးစေဘဲ စနစ်တကျ ခုတ်ယူ အသုံးပြုနိုင်ဖို့ တနိုင်ငံလုံးမှာ သင်တန်းတွေကို လှည့်လည်ပို့ချသွားမယ်လို့ ကိုစောသီဟမောင်က ပြောပါတယ်။
သတင်း- AMIA