Home
မြန်မာသတင်း
မြိတ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသည့် အမျိုးသမီးတဦး ဖမ်းမိ
DVB
·
April 22, 2017
တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု ဘုတ်ချောင်းကျေးရွာမှာ  ဧပြီ ၂၁ ရက် ညက အမျိုးသမီးတဦးဆီက ဘိန်းစာမှုန့် အထုပ် ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ အမှတ် (၁) နယ်မြေရဲကင်းမှ ဒုရဲအုပ် ကျော်ဇေလင်းနဲ့အဖွဲ့ဟာ ဧပြီ ၂၁ ရက်နေ့ ည ၉ နာရီခွဲက မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုတ်ချောင်း ၂ လမ်းမှာ နေထိုင်တဲ့ ဒေါ်ဖြူဖြူခိုင်ရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ လက်ဝယ်ထားရှိ ရောင်းချနေတယ်လို့ သတင်းအရ သက်သေတွေနဲ့အတူ  သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ မြိတ်မြို့မရဲစခန်းရုံးက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ရှာဖွေရာမှာ ပလတ်စတစ်ပုံးအတွင်း ထည့်ထားတဲ့ စိမ်းဝါရောင်ဘိန်းစာမှုန့် ၁ ထုပ်ကို အလေးချိန် ၇၀ ရှိ အထုပ်ပေါင်း ၁၆၂ ထုပ်၊ ဒေသပေါက်ဈေး ၁၁၃၄၀၀၀ ကျပ်နဲ့ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိပြီး ဖြန့်ဖြူးရောင်းချသုံးစွဲသူ ဒေါ်ဖြူဖြူခိုင်ကို  မူး/စိတ်ပုဒ်မ၊ ၁၅/၁၉(က)/၂၀(က)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024