A d v e r t i s e m e n t With Us

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် မဲဆွယ်မှု ပဲခူး​တိုင်း​တွင် စတင်လှုပ်ရှား

ပဲခူး​တိုင်း​အတွင်း​မှာ ဖွဲ့​စည်း​ထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ အဖွဲ့​တွေ မဲဆွယ်လှုပ်ရှား​မှု စတင်​နေပြီ ဖြစ်ပါတယ်။ ပဲခူး​တိုင်း​ ၄ ခရိုင်မှာ ​ကျေး​ရွာအဆင့်​ထိ ​အောင်နိုင်​ရေး​အဖွဲ့​တွေကို ဖွဲ့​စည်း​ထား​ပြီး​ ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ စည်း​ရုံး​တာ​တွေ စတင် လှုပ်ရှား​နေပြီလို့​ ဦး​မြတ်လှက ​ပြောပါတယ်။ “နယ်တိုင်း​မှာ ဆိုတာက အထူး​သဖြင့်​က​တော့​ ခရိုင်​တွေမှာ ဖွဲ့​တာများ​တယ်။ ​တောင်ငူခရိုင် ဆိုလို့​ရှိရင် ​တောင်ငူနား​က မြို့​နယ်​တွေက​နေ အဲဒီမှာ​တောင်ငူမှာ သွား​ပြီး​တော့​ လုံး​ပြီး​တော့​ စည်း​ရုံး​ရမှာ​ပေါ့​။ ပဲခူး​ဆိုလို့​ရှိရင်လည်း​ ပဲခူး​ခရိုင်က ပဲခူး​၊​ သနပ်ပင်၊​ ​ဝေါ သွား​ပြီး​တော့​ ကျ​နော်တို့​ လုပ်ကြရမှာ​ပေါ့​။ နီး​စပ်ရာ နီး​စပ်ရာ​တွေ အကုန်လုံး​ လုပ်ထား​ပြီ။ စည်း​ရုံး​ရေး​ကို စတင်​နေပြီ။” လာမယ့်​ ဧပြီလ ၁ ရက်​နေ့​မှာ ကျင်း​ပဖို့​ စီစဉ်ထား​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပဲခူး​တိုင်း​အတွင်း​က လစ်လပ် မဲဆန္ဒနယ် ၆ ခုမှာ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ ဖွံ့​ဖြိုး​ရေး​ပါတီနဲ့​ အဓိက ယှဉ်ပြိုင်ရဖွယ် ရှိတယ်လို့​ ဦး​မြတ်လှက ​ပြောပါတယ်။ ပဲခူး​တိုင်း​၊​ သနပ်ပင်မြို့​နယ်အတွင်း​က ​ကျေး​ရွာကို အခမဲ့​ဆေး​ကုသဖို့​ သွား​ရောက်​နေတဲ့​ ဦး​မြင့်​ဦး​က ​အောက်​ခြေက အ​ခြေအ​နေကို အခုလို ရှင်း​ပြပါတယ်။ “ကျ​နော်တို့​က ဖွံ့​ဖြိုး​မှုက တအား​နောက်ကျ ကျန်​နေခဲ့​တာ။ နည်း​နည်း​ပါး​ပါး​ ​နောက်ကျ​နေတာမှ မဟုတ်ဘူး​။ ကျ​နော် သွား​တဲ့​အခါ အခက်အခဲ​တွေ သူတို့​ ​ပြောပြကြတယ်၊​ ​ဆွေး​နွေး​ကြတယ်။ လမ်း​ပန်း​ ဆက်သွယ်​ရေး​တွေ အခုထက်ထိ မ​ကောင်း​သေး​ဘူး​ဗျာ။ သူတို့​ ​ကျေး​ရွာ​တွေမှာ မီး​မရဘူး​ဗျာ။ ဒါ​တွေက မဖြစ်သင့်​ မဖြစ်ထိုက်တဲ့​ ဟာမျိုး​တွေ။ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှုကလည်း​ မရှိသ​လောက်ပဲ။ ပညာ​ရေး​ကလည်း​ က​လေး​ငယ်​တွေ မူလတန်း​မ​အောင်ဘဲနဲ့​ ​ကျောင်း​ထွက်ရတဲ့​ နှုန်း​ထား​က တနှစ်ထက် တနှစ်ပိုများ​လာတယ်။ အဲဒါ​တွေက ကျ​နော်တို့​ခေါင်း​ထဲမှာ ထည့်​ဖြေရှင်း​ရမယ့်​ ဟာ​တွေ။ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု အခမဲ့​ ကု​ပေး​တယ်လို့​ ​ပြောတယ်။ ဒီ​လောက်နဲ့​ မလုံ​လောက်ဘူး​ဗျ။ အစိုး​ရ တရပ်ကိုက ကျန်း​မာ​ရေး​အသုံး​စရိတ် တိုး​ပြီး​တော့​ သတ်မှတ်​ပေး​ရမယ်။ ဒါ​တွေ ကျ​နော်တို့​က ​ပြောသွား​ရမယ်။ အခု သတ်မှတ်​ပေး​ထား​တဲ့​ ပညာ​ရေး​ အသုံး​စရိတ်​လောက်နဲ့​ မလုံ​လောက်ဘူး​။” ဦး​မြင့်​ဦး​ဟာ ပဲခူး​တိုင်း​၊​ သနပ်ပင်မြို့​နယ်က ပြည်သူ့​လွှတ်​တော်အတွက် အဖွဲ့​ချုပ်ကိုယ်စား​ ယှဉ်ပြိုင်မှာ ဖြစ်ပြီး​ ကြံ့​ခိုင်​ရေး​ပါတီနဲ့​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီက ကိုယ်စား​လှယ်​တွေနဲ့​ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up