DVB Logo
Home
မြန်မာသတင်း
ဆင်း​ရဲမွဲ​တေမှု​လျှော့​ချ​ရေး​စီမံကိန်း​ အ​သေး​စား​ချေး​ငွေ လိုအပ်သူများ​ထံ မ​ရောက်
DVB
·
January 20, 2012
ဆင်း​ရဲမွဲ​တေမှု​လျှော့​ချ​ရေး​စီမံကိန်း​ အ​သေး​စား​ချေး​ငွေ လိုအပ်သူများ​ထံ မ​ရောက်
Donate to DVB

အစိုး​ရသစ်လက်ထက် ဆင်း​ရဲမွဲ​တေမှု​လျှော့​ချ​ရေး​ စီမံကိန်း​တွေထဲက အ​သေး​စား​ ​ငွေ​ချေး​လုပ်ငန်း​က ​ချေး​ငွေ​တွေ လိုအပ်သူ​တွေဆီ မ​ရောက်ရှိဘဲ ဖြစ်​နေသလို ​ချေး​ယူသူ​တွေအ​နေနဲ့​လည်း​ အခက်အခဲ​တွေ ရှိ​နေပါတယ်။

ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​ အစိုး​ရ​ချေး​ငွေ​တွေကို ရပ်ကွက်အုပ်ချူပ်​ရေး​ အာဏာပိုင်​တွေက နီး​စပ်သူ​တွေနဲ့​ အမြဲတမ်း​ ​နေထိုင်သူ​တွေကိုပဲ ထုတ်​ပေး​နေတာ​ကြောင့်​ ​ချေး​ယူလိုသူ​တွေဆီ မ​ရောက်ရှိပဲ ဖြစ်​နေတာပါ။

ဒီလိုဖြစ်​နေတာနဲ့​ ပတ်သက်ပြီး​ ရန်ကုန်ဆင်​ခြေဖုန်း​ ရပ်ကွက်​နေ ​ဈေး​သည်တဦး​က “ရပ်ကွက်က​ပေး​တာ​တွေက လူ​ရွေး​ပြီး​ပေး​တာ။ ကျ​နော်တို့​လို အိမ်ငှား​နေတဲ့​သူ​တွေ မရဘူး​။ အိမ်ရာ အပိုင်ရှိတဲ့​သူ​တွေ၊​ ​နောက်ပြီး​ သူတို့​ဆွေမျိုး​မှ ပြီး​တော့​ ရပ်ကွက်လူကြီး​ပေါ့​။ သူတို့​အမျိုး​ မျက်နှာသိမှ အဲဒီလိုမျိုး​တွေ ​ပေး​ကြတာ။ ​တော်ရုံတန်ရုံလူဆို မ​ပေး​ဘူး​။ မ​ပေး​ဘူး​ဆိုတာလည်း​ သူတို့​ကို အပြစ်​ပြောလို့​ မရပါဘူး​။ ပိုက်ဆံအသွင်း​ မမှန်ကြ​တော့​ ဘယ်လိုလုပ်မလဲ။ ရက်မမှန်ဘူး​ ဆိုတာကလည်း​ မိုး​ချုပ်သွား​တယ်။”

“​နောက်​နေ့​မနက်မှ ​ပေး​ရမယ်ဆိုရင် လူ​တွေက နည်း​နည်း​ ခံသာ​သေး​တယ်။ အခုက အလုပ်သမား​ပြန်ချိန် ​ဈေး​ရောင်း​ချိန် ပြန်ချိန်နဲ့​ လွဲကြတာ​ပေါ့​။ အဲဒါနဲ့​ မမှန်​တော့​ ဖြုတ်ချလိုက်​တော့​ လူ​ရွေး​ပေး​တဲ့​ ပုံစံဖြစ်သွား​ရော ​နောက်ဆုံး​ကြ​တော့​” လို့​ ​ပြောပါတယ်။

ဆင်း​ရဲနွမ်း​ပါး​မှု ​လျှော့​ချ​ရေး​ ​ချေး​ငွေက အတိုး​နှုန်း​ သက်သာ​ပေမယ့်​ ချမှတ်ထား​တဲ့​ စည်း​မျဉ်း​ စည်း​ကမ်း​တွေက အ​ခြေခံ လူတန်း​စား​နဲ့​ ကိုက်ညီမှု မရှိတာ​ကြောင့်​ ပြင်ပ တရား​မဝင် ​ငွေ​ချေး​ ​ဈေး​ကွက်​တွေက ​နေ့​ပြန်တိုး​နဲ့​ ​ချေး​ယူ ပြန်ဆပ်​နေကြတာ​တွေလည်း​ ရှိ​နေတယ်လို့​ သူက ဆိုပါတယ်။

“ပြင်ပ​ငွေ​ချေး​ လုပ်ငန်း​က​တော့​ ရှိ​နေဦး​မှာပဲ။ ရယက ​ချေး​ငွေကို ၅နာရီထိုး​ ​ပေး​ရမယ်။ ​ပေး​စရာမရှိ​တော့​ ငါ့​ကို ၅၀၀ ​လောက် ​ပေး​။ ​နောက်မှ ၆၀၀ ​ပေး​ပါမယ်ဆိုပြီး​ အတိုး​သမား​ဆီက ၁၀၀ အတိုး​ပေး​ပြီး​ မဖြစ်မ​နေ ​ချေး​ရ​တော့​ ဘာမှမထူး​ဘူး​။

“ရပ်ကွက်မှာ​ချေး​ရင် ​အေး​ရာ​အေး​ကြောင်း​ပဲ။ အဲဒီ​လောက်​တော့​။ အတိုး​ပေး​ရတာချည်း​ပဲ။ ဥပမာ ၂၀၀၀၀ ယူလိုက်တယ်​ပေါ့​။ တ​နေ့​ကို ၂၀၀၀ အသွင်း​နဲ့​။ ဒီ​နေ့​တော့​ မ​ပြေလည်​သေး​ဘူး​။ ​နေပါဦး​ဗျာဆိုလည်း​ ​နေမှာပဲ။ ​နောက်​နေ့​မှ ​ပေါင်း​ပေး​လိုက်။ ဒါမှမဟုတ် ရက်ပျက်ခကို ထား​လိုက်ဦး​မယ်။ ပိုက်ဆံပြည့်​သွား​မှ ရက်ပျက်ခကို ဖြည့်​ပေး​လိုက်မယ်ဆိုရင် သူတို့​က လက်ခံမှာပဲ။ နိုင်ငံ​တော်​ချေး​ငွေက အဲ့​လိုလည်း​ လက်ခံမှာ မဟုတ်ဘူး​။ ဆင်း​ရဲသား​ပ​ပျောက်​ရေး​ဆိုတာ သူတို့​က ​ပြောလိုက်တာပဲ။ သူတို့​ကို ​ပေး​စရာမရှိလို့​ အပြင်က အတိုး​နဲ့​ ဆွဲ​ပေး​လိုက်ရ​တော့​ ဘာမှမထူး​ဘူး​”လို့​ ဆိုပါတယ်။

ဒါ့​အပြင် ​ချေး​ယူသူအချို့​က အစိုး​ရ၊​ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ လူမှု​ရေး​အဖွဲ့​အစည်း​တွေက ထုတ်​ချေး​တဲ့​ ​ချေး​ငွေအား​လုံး​ကို ​ချေး​ယူပြီး​ ​ကြွေး​ဟောင်း​ဆပ် ​ကြွေး​သစ်ယူတာမျိုး​တွေလည်း​ ရှိ​နေပါတယ်။

ဒီလို အခက်အခဲ​တွေ ရှိ​နေတာ​ကြောင့်​ ဆင်း​ရဲနွမ်း​ပါး​မှု ​လျှော့​ချ​ရေး​အတွက် အဖွဲ့​အစည်း​တွေက ​ချေး​ငွေချ​ပေး​ဖို့​ အ​ခြေခံ လူတန်း​စား​ကြား​မှာ ​တွေ့​ကြုံရတဲ့​အခက်အခဲ​တွေ၊​ အ​ခြေအ​နေ​တွေကို ကွင်း​ဆင်း​ ​လေ့​လာပြီး​ ပညာ​ပေး​လုပ်ငန်း​တွေကိုပါ တခါတည်း​ လုပ်​ဆောင်မှ ​အောင်မြင်နိုင်မယ်လို့​ စီး​ပွား​ရေး​ပညာရှင် ဆရာဦး​မော်သန်း​က အကြံပြု ​ပြောကြား​ပါတယ်။

“ရည်ရွယ်ချက် ဦး​တည်ချက်အ​နေနဲ့​တော့​ မ​ကောင်း​ဘူး​လို့​ ​ပြောလို့​ မရပါဘူး​။ သို့​သော် တကယ်အကျိုး​သက်​ရောက်မှုကျ​တော့​ ဘင်္ဂလား​ဒေ့​ရှ်မှာဆို နိုဘယ်လ်ဆု​တွေတာင် ရလာခဲ့​တယ် ​ငွေ​ချေး​တဲ့​ဥစ္စာ။ အခုကျ​တော့​ လက်လုပ်လက်စား​တွေက သူ့​ကြောင့်​ ငါ့​တို့​တော့​ အ​ကြွေး​တင်​နေတယ် ဆိုပြီး​တော့​ အပြစ်တင်တဲ့​ သ​ဘောမျိုး​ဖြစ်တယ်ခင်ဗျ။ အမ​တော်​ကြေး​ငွေ ​ပေး​လိုက်တယ်၊​ ​ပေး​လိုက်တဲ့​ဥစ္စာကို တခါတည်း​ တထိုင်တည်း​ ​လောင်ကစား​ လုပ်ပစ်လိုက်တယ်၊​ စား​သောက်ပစ်လိုက်တယ်ဆိုရင် ​ချေး​ငွေက​တော့​ သူက ​ပျောက်မသွား​ဘူး​။ ​ပေး​စရာရှိတာက​တော့​ ကျိန်း​သေတယ် ကိုယ့်​အတွက် အဲဒီ ​ချေး​ငွေက​နေပြီး​တော့​ အကျိုး​သက်​ရောက်မှု ရှိစရာက​တော့​ ဘာမှ မလာဘူး​။ ​ချေး​ငွေ​ပေး​တာက ​ချေး​ငွေနဲ့​ အတူတကွ ဒီ​ချေး​ငွေကို ဘယ်လိုသုံး​ပြီး​ လုပ်ကိုင် စား​သောက်ရမယ်၊​ ​ချေး​ငွေနဲ့​ ပတ်သက်ပြီး​တော့​ ဘယ်လိုအသုံး​ချနိုင်တယ်၊​ ဘယ်လို သုံး​စွဲရမယ့်​ဆိုတဲ့​ အသိပညာ ဗဟုသုတပါ။ ဒါက​တော့​ ကျ​နော် ဆင်း​ရဲသား​ကို သူ့​ရဲ့​အသိဥာဏ်ကို ​စော်ကား​ပြောတာ မဟုတ်ပါဘူး​။ အသိဥာဏ်ပါ ပါဖို့​လိုတယ်။ မပါရင်​တော့​ ​ငွေ​ချေး​ယူလိုက်တဲ့​အတွက် အ​ကြွေး​တင်သွား​တာ အဖတ်တင်ပြီး​တော့​ ဒီအ​ကြွေး​တင်​နေပြီး​တော့​ ဘာမှ ထိထိ​ရောက်​ရောက် တိုး​ပွား​မလာဘူး​ဆိုရင်​တော့​ ဒုက္ခ​တောင် ပို​ရောက်​စေတယ်။”

မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာပြီး​နောက်ပိုင်း​ ၂၀၁၆ ခုနှစ်မှာ ဆင်း​ရဲမွဲ​တေမှု ၁၆ ရာခိုင်နှုန်း​လျှော့​ချ မယ်လို့​ ​ပြောကြား​ထား​ပြီး​ ဒီအ​သေး​စား​ငွေ​ချေး​လုပ်ငန်း​တွေကို စတင်အ​ကောင်အထည်​ဖော် ​ဆောင်ရွက်လာတာပါ။

မြန်မာနိုင်ငံ လူဦး​ရေ ၅၉ သန်း​ကျော်ထဲက ၁၉ သန်း​ကျော်ဟာ ဆင်း​ရဲမွဲ​တေမှုဒဏ်ကို ခံစား​နေကြတယ်လို့​ အစိုး​ရရဲ့​ မှတ်တမ်း​တွေကဆို​ပေမယ့်​ ဒီထက် ပိုနိုင်တယ်လို့​လည်း​ သုံး​သပ်မှု​တွေ ရှိ​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013