DVB Logo
Home
မြန်မာသတင်း
က​လေး​စစ်သား​ကို ပြန်​တွေ့​သော်လည်း​ ​ခေါ်ယူရန် ခက်ခဲ​နေ
DVB
·
January 20, 2012
Donate to DVB

ကချင်ပြည်နယ်၊​ မိုး​ကောင်း​မြို့​နယ် နမ္မတီး​ရွာမှာ​နေကြတဲ့​ မိဘ​တွေက အသက် ၁၄ နှစ်အရွယ်ကတည်း​က ​ပျောက်သွား​တဲ့​ သား​ကို စစ်တပ်က​နေ ပြန်​ခေါ်ဖို့​ ခက်ခဲ​နေပါတယ်။

၂၀၀၈ ခုနှစ်က ​ကျောင်း​သွား​ရာက​နေ အိမ်က ​ပျောက်ဆုံး​သွား​တဲ့​ ​ဒေါ်နု​နော်ရဲ့​သား​ အသက် ၁၄ နှစ်အရွယ် ​ဇောင်ချမ်း​ဟာ လား​ရှိုး​မြို့​က အမှတ် ၃၄၆ အ​မြောက်တပ်ရင်း​မှာ ​ရောက်​နေတာ သိရ​ပေမယ့်​ ပြန်လည် ​ခေါ်ထုတ်ဖို့​ အခက်အခဲ ဖြစ်​နေတယ်လို့​ မိခင် ​ဒေါ်နု​နော်က ​ပြောပါတယ်။

“၂၀၀၈ ခုနှစ်က ​ပျောက်သွား​တယ်။ ၈ တန်း​ဆို​တော့​ အသက် ၁၄ နှစ် ကတည်း​က။ ဘယ်သူမှလဲ မတိုင်ဘူး​၊​ ကျမတို့​ဟာ ကျမတို့​ လိုက်ရှာ​နေတယ်။ ပျဉ်​ထောင်မှာသွား​မေး​တော့​ ဆရာ​တွေက ​ကြေး​နန်း​နဲ့​ ဆက်သွယ်​ပေး​တယ်။ အခုထိ အ​ကြောင်း​လည်း​ မကြား​ရ​တော့​ ​တွေ့​ချင်လို့​။”

သား​ဖြစ်သူကို လိုက်လံစုံစမ်း​ခဲ့​ပေမယ့်​လည်း​ ​ငွေ​ကြေး​နဲ့​ စား​ဝတ်​နေ​ရေး​ အခက်အခဲ​တွေ​ကြောင့်​ ထိထိ​ရောက်​ရောက် မရှာနိုင်ခဲ့​ဘူး​လို့​ ဆိုပါတယ်။

နောက်ပိုင်း​ စစ်တပ် တပ်ကြပ်ကြီး​တဦး​က သား​ဟာ ကိုယ်ပိုင်နံပါတ် (တ/၃၉၄၄၈၉) နဲ့​ တပ်မ​တော် အ​မြောက်တပ်ရင်း​မှာ တာဝန်ထမ်း​နေတယ်ဆိုပြီး​ အိမ်ကို စာ​ရေး​အ​ကြောင်း​ကြား​လာတယ်လို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။

စာရပြီး​တဲ့​နောက် သား​ကို ပြန်​တွေ့​ချင်​ပေမယ့်​ ​ဒေါ်နု​နော်ဟာ ဗမာစကား​ကို သိပ်မ​ပြောတတ်သလို ​ငွေ​ကြေး​၊​ လမ်း​ပန်း​ သွား​လာမှု စတဲ့​ အခက်အခဲမျိုး​စုံ​ကြောင့်​ မ​တွေ့​နိုင်​သေး​ဘူး​လို့​ အိမ်နီး​ချင်း​တဦး​က ​ပြောပါတယ်။

“​ခေါ်ထုတ်ဖို့​ကြိုး​စား​တော့​ သူတို့​လည်း​ ခက်ခက်ခဲခဲကို၊​ သွား​လည်း​ မသွား​တတ်ဆို​တော့​ ဒီအတိုင်း​ပဲ ​နေ​နေကြတာပါ။ အ​ဖေကလည်း​ မိသား​စုကို လုပ်ကိုင်​ကျွေး​မွေး​နေရ၊​ ​တောင်ယာခုတ် လယ်ခုတ်၊​ ဝင်​ငွေကလည်း​ နည်း​တယ်ဆို​တော့​ လိုက်သွား​ဖို့​ကလည်း​ မလွယ်ဘူး​လေ။ မြို့​က​နေ တခြား​ တမြို့​သွား​ဖို့​တောင် ခက်ခက်ခဲခဲဖြစ်​နေတာ။”

မြန်မာနိုင်ငံဟာ က​လေး​စစ်သား​ စု​ဆောင်း​ခွင့်​ မရှိဘူး​လို့​ နိုင်ငံတကာ သ​ဘောတူ စာချုပ်ကို လက်မှတ်ထိုး​ထား​ပေမယ့်​ မြန်မာ့​တပ်မ​တော်ဟာ က​လေး​စစ်သား​တွေကို အဓမ္မ စစ်တပ်တွင်း​ သွတ်သွင်း​နေတာ​တွေ ရှိ​နေဆဲဖြစ်ပြီး​ နိုင်ငံတကာရဲ့​ ပြစ်တင်​ဝေဖန်ခံ​နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013