Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့သီးနှံဈေးနှုန်းများ
DVB
·
April 19, 2017
ဖရဲသီး ၈၅၅ ဖရဲသီး ၈၅၅ က ဒီနေ့မှာ တတန်ကို ငွေကျပ် တသိန်းတသောင်းငါးထောင် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တတန်ကို လေးသိန်းရှစ်သောင်းကနေ ခြောက်သိန်းတသောင်းလေးထောင် ပေါက်ဈေးရှိနေပါတယ်။ မူဆယ်ဂိတ်ကို ဖရဲကား အဝင်နည်းနေသေးတဲ့အတွက် ဈေးတွေက တက်နေတာပါ။ ပဲစင်းငုံ ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက တတန်ကို ငွေကျပ် နှစ်သောင်း ဈေးကျသွားပြီး ဒီနေ့ပေါက်ဈေးက တတန်ကို ခုနှစ်သိန်းလေးသောင်းငါးထောင် ပေါက်ဈေးရှိနေပါတယ်။ မတ်ပဲ မတ်ပဲကတော့ ဒီနေ့မှာ တတန်ကို ငွေကျပ် ရှစ်ထောင် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးကတော့ တတန်ကို ဆယ်သိန်းခုနှစ်သောင်း ပေါက်ဈေးရှိနေပါတယ်။ ကုလားပဲခြမ်း ကုလားပဲခြမ်းက ဒီနေ့မှာ တပိဿာကို ငွေကျပ် နှစ်ထောင့်ရှစ်ရာ ပေါက်ဈေးရှိနေပြီး ငွေကျပ် နှစ်ရာ ဈေးကျဆင်းသွားပါတယ်။ ပဲကြီး ပဲကြီးကတော့ ဒီနေ့မှာ တပိဿာကို သုံးဆယ့်ငါးကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက တထောင့်ကိုးရာ့ငါးဆယ် ပေါက်ဈေးရှိနေပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူကတော့ တပိဿာကို ငွေကျပ်နှစ်ရာ ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက နှစ်ထောင့်နှစ်ရာကနေ ငါးထောင့်ကိုးရာ ပေါက်ဈေးရှိပါတယ်။ ကြက်သွန်နီ ကြက်သွန်နီက ဒီနေ့မှာ တပိဿာကို ငွေကျပ်ငါးဆယ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ငွေကျပ်ကိုးရာ ရှိပါတယ်။ ပြောင်း(စီပီ) လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက တပိဿာကို ငွေကျပ် ၁၀ ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ငွေကျပ် သုံးရာ့သုံးဆယ် ဈေးရှိပါတယ်။ အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024