DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်၊​ အလုပ်သမား​များ​နှင့်​ပတ်သက်ပြီး​ နှီး​နှောဖလှယ်ပွဲကျင်း​ပ
DVB
·
January 20, 2012
မြန်မာဒုက္ခသည်၊​ အလုပ်သမား​များ​နှင့်​ပတ်သက်ပြီး​ နှီး​နှောဖလှယ်ပွဲကျင်း​ပ
Donate to DVB

မြန်မာဒုက္ခသည်နဲ့​အလုပ်သမား​များ​ပေါ် ထိုင်း​နိုင်ငံသား​တွေရဲ့​အမြင်သ​ဘောထား​တွေကို စစ်တမ်း​ကောက်ယူပြီး​ နှီး​နှောဖလှယ်ပွဲတခုကို ဘန်​ကောက်အနီး​ န​ခေါင်ပထုံ ခရိုင်က မဟီဒွန်တက္ကသိုလ်မှာ ဒီ​နေ့​မနက် ကျင်း​ပခဲ့​ပါတယ်။

[caption id="attachment_20206" align="alignright" width="300" caption="မယ်လဒုက္ခသည်စခန်း​"][/caption]

ဒီစစ်တမ်း​ကို မဟီ​ဒေါတက္ကသိုလ် လူမှုသိပ္ပံတက္ကသိုလ်က ထိုင်း​-မြန်မာနယ်စပ် ကန်ချနဘူရီ၊​ ရပ်ချဘူရီ၊​ တာ့​ခ်နဲ့​ မယ်​ဟောင်​ဆောင်ခရိုင်ရှိ ထိုင်း​လူထု လူတန်း​စား​အသီး​သီး​နဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ ​ကောက်ယူထား​တာပါ။

စစ်တမ်း​မှာ ဒုက္ခသည်​တွေကို လူသား​ချင်း​စာနာ​ရေး​ အကူအညီ​တွေနဲ့​ဝမ်း​စာ​ရေး​အတွက် အလုပ်လုပ်ခွင့်​ ထိုင်း​နိုင်ငံသား​တွေလိုပဲ ​ပေး​ဖို့​ ထိုင်း​အများ​စုက သ​ဘောတူ​ပေမယ့်​ ယာယီအ​နေအထား​နဲ့​သာ လက်ခံထား​သင့်​တယ်လို့​ ​ဖော်ပြထား​ပါတယ်။

ထိုင်း​နိုင်ငံသား​နဲ့​အိမ်​ထောင်ကျသူ​တွေကို​တော့​ အမြဲတမ်း​ ​နေထိုင်ခွင့်​ပြုသင့်​တယ်လို့​လည်း​ ဆိုထား​ပြီး​ ထိုင်း​နိုင်ငံသား​အဖြစ် ခံယူခွင့်​မ​ပေး​သင့်​ဘူး​လို့​လည်း​ အများ​စုက ဆိုထား​ပါတယ်။

ဒါ့​အပြင် အလုပ်သမား​ မှတ်ပုံတင်မရှိတဲ့​ အလုပ်သမား​တွေကိုလည်း​ လက်ခံမထား​သင့်​ကြောင်း​ ​ဖော်ပြထား​ပါတယ်။

မြန်မာဒုက္ခသည်​တွေနဲ့​ အလုပ်သမား​တွေကို ထိုင်း​စကား​နဲ့​ ယဉ်​ကျေး​မှုထုံး​တမ်း​တွေကို သင်ကြား​ပေး​သင့်​တယ်လို့​အား​လုံး​နီး​ပါး​က အမြင်ရှိ​ကြောင်း​ စစ်တမ်း​မှာ ​ဖော်ပြပါတယ်။

စစ်တမ်း​အရ ထိုင်း​အလုပ်သမား​ လူတန်း​စား​တွေက​တော့​ မြန်မာ​တွေဟာ သူတို့​လုပ်​နေတဲ့​ အလုပ်ကို အနိမ့်​ဈေး​နဲ့​ ဝင်လုပ်ပြီး​ လုပ်အား​ဈေး​ကွက် လာလု​နေကြတာလို့​ မြင်သူ အ​တော်များ​များ​ ရှိတယ်လို့​ ဆိုပါတယ်။

နှီး​နှောဖလှယ်ပွဲ တက်​ရောက်ခဲ့​တဲ့​ လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​ ကိုယ်စား​လှယ် ဦး​စိန်​ဌေး​က “သူ့​စစ်တမ်း​မှာ အကျဉ်း​ချုပ်အရဆိုရင်​တော့​ အနုတ်လက္ခဏာ ​ဆောင်တဲ့​အမြင်​တွေ ​တော်​တော်များ​များ​ ရှိ​နေတာကို ​တွေ့​ရတာ​ပေါ့​နော်။ ထိုင်း​လူထု​တွေရဲ့​အမြင် လူတ​ယောက်တည်း​မှာ နှစ်မျိုး​ကွဲပြား​နေတယ်။ ပထမတခုက လူသား​ချင်း​ စာနာတဲ့​ အမြင်မျိုး​စိတ်ခံတဲ့​ အမြင်ရယ်၊​ ​နောက်ပြီး​တော့​ မီဒီယာဖြစ်ဖြစ် အစိုး​ရရဲ့​ပေါ်လစီ​ကြောင့်​ဖြစ်ဖြစ်။ တံဆိပ်​တွေထိုး​ပြီး​တော့​ မြင်တဲ့​ အမြင်​ပေါ့​နော် ကွဲပြား​နေတာကို ​တွေ့​ရတယ်” လို့​ ​ပြောပါတယ်။

နှီး​နှောဖလှယ်ပွဲမှာ တက်​ရောက်​ဟော​ပြောခဲ့​တဲ့​ သံလွင်ပို့​စ် ဂျာနယ်က မြန်မာပြည်​ရေး​ရာ အယ်ဒီတာ မစ္စစ်ဝမ်ဒီက “ထိုင်း​ပြည်သူအများ​စုက​တော့​ မြန်မာပြည်မှာ အခု အ​ပေါင်း​လက္ခဏာပြတဲ့​ ​ပြောင်း​လဲမှု​တွေ ဖြစ်​နေပြီ။ ဒါ​ကြောင့်​ သူတို့​က မြန်မာဒုက္ခသည်​တွေနဲ့​ အလုပ်သမား​တွေကို မြန်မာပြည်ကို ပြန်သွား​စေချင်ကြတယ်။ ကျမအမြင်မှာက အလုပ်သမား​တွေနဲ့​ ဒုက္ခသည်​တွေအိမ်ပြန်ရင် သူတို့​ရဲ့​ လူ့​အခွင့်​အ​ရေး​တွေကို ကာကွယ်​စောင့်​ရှောက်ဖို့​အတွက် မြန်မာအစိုး​ရက​နေပြီး​ ​ပေါ်လစီတရပ်ကို အတည်ပြုဖို့​လိုမယ်လို့​ ထင်ပါတယ်” လို့​ ​ပြောပါတယ်။

နှီး​နှောဖလှယ်ပွဲကို ထိုင်း​-မြန်မာနယ်စပ် ဒုက္ခသည်​စောင့်​ရှောက်​ရေး​လုပ်တဲ့​ International Rescue Committee HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ ​ဖောင်​ဒေး​ရှင်း​၊​ ထိုင်း​အစိုး​ရ ကျန်း​မာ​ရေး​ဌာနနဲ့​ အလုပ်သမား​ဝန်ကြီး​ဌာနက ကိုယ်စား​လှယ်​တွေ၊​ မဟီ​ဒေါတက္ကသိုလ်က ​ကျောင်း​သူ ​ကျောင်း​သား​တွေနဲ့​ထိုင်း​သတင်း​ ​အေဂျင်စီ​တွေ တက်​ရောက်ခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013