A d v e r t i s e m e n t With Us

လက်နက်ကိုင်တပ်နှင့်​ ဆက်စပ်ဖမ်း​ဆီး​ခံရသူများ​ ပြန်မလွတ်​သေး

ပြီး​ခဲ့​တဲ့​ ၁၃ ရက်​နေ့​က ထင်ရှား​တဲ့​ ​ခေါင်း​ဆောင်​တွေအပါအဝင် နိုင်ငံ​ရေး​ အကျဉ်း​သား​ အများ​အပြား​ လွတ်​မြောက်လာခဲ့​ပေမယ့်​ တိုင်း​ရင်း​သား​လက်နက်ကိုင်တွေနဲ့​ ဆက်စပ် ဖမ်း​ဆီး​ခံရသူ​တွေ အများ​အပြား​ ကျန်​နေ​သေး​တယ်လို့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေက ​ပြောပါတယ်။ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလ ၁၂ ရက်​နေ့​တုန်း​က အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ပဏာမ လက်မှတ်ထိုး​ခဲ့​တဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ​ခေါင်း​ဆောင်​တွေကို ပြည်​ထောင်စု ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က ​ကေအန်ယူအဖွဲ့​နဲ့​ ဆက်စပ် ဖမ်း​ဆီး​ခံရသူရဲ့​ စာရင်း​ကို ပြုစုပြီး​ ပို့​ပေး​ဖို့​ ​ပြောဆိုခဲ့​ပါတယ်။ လက်ရှိ အ​နေအထား​မှာ ​ကေအန်ယူအ​နေနဲ့​ အကျဉ်း​ထောင် အသီး​သီး​မှာ ထိန်း​သိန်း​ခံထား​ရတဲ့​ ​ကေအန်ယူအဖွဲ့​ဝင်​တွေ အပါအဝင် မတရား​အသင်း​နဲ့​ ဆက်သွယ်မှု၊​ ​ထောက်ပံ့​အား​ပေး​မှု၊​ ​ဖောက်ခွဲမှု၊​ လူသတ်မှုတို့​နဲ့​ အမည်တပ် ဖမ်း​ဆီး​ ထိန်း​ခံထား​ရသူ အား​လုံး​ကို စာရင်း​ပြုစု​နေပြီး​ အစိုး​ရဆီ ​ပေး​ပို့​သွား​မယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ ​ကော်မတီ အတွင်း​ရေး​မှူး​ ပဒို​စော​ဒေး​ဗစ်​ထောက ​ပြောပါတယ်။ “ကျ​နော်တို့​ ​အေ​အေပီပီကို လှမ်း​မေး​ထား​တယ်။ ​အေ​အေပီပီကလည်း​ သူတို့​လုပ်ထား​တာ ၄၀ ​ကျော်​ကျော်​လောက် ရှိတယ်လို့​ ​ပြောတယ်​လေ။ ကျ​နော်တို့​ဆီမှာ ပြုစုထား​တဲ့​ လူ​တွေလည်း​ ရှိ​တော့​ အဲ့​ဟာ​တွေနဲ့​လည်း​ ပြန်တိုက်ကြည့်​ရဦး​မယ့်​ သ​ဘောရှိတယ်။ ​တောင်း​လာရင် မမှား​စေချင်ဘူး​လေ။” အလား​တူ အခုလ ၁၆ ​နေ့​က ပြည်​ထောင်စုအစိုး​ရအဆင့်​နဲ့​ ငြိမ်း​ချမ်း​ရေး​ လက်မှတ် ထိုး​ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ ကလည်း​ ၁၃ ရက်​နေ့​က ပြန်လွတ်လာတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေထဲမှာ သူတို့​ တပ်သား​တွေ မပါ​ကြောင်း​နဲ့​ လက်ရှိ အကျဉ်း​ထောင်မှာ ရှမ်း​ပြည်တပ်မ​တော်က အား​လုံး​ ၃၂ ဦး​ရှိတယ်လို့​ ​ပြောပါတယ်။ အဆိုပါ ၃၂ ဦး​ ​ထောင်ချမှတ်ခံရတာနဲ့​ ပတ်သက်ပြီး​ ရှမ်း​သံ​တော်ဆင့်​ သတင်း​အယ်ဒီတာ ဦး​ခွန်စိုင်း​က အခုလို ပြန်​ပြောပါတယ်။ “ဒုဗိုလ်မှူး​ကြီး​ ခွန်​ကျော် သို့​မဟုတ် သံ​ချောင်း​က ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်​နေ့​ နှစ်သစ်ကူး​နေ့​မှာ သူတို့​က နမ့်​ခမ်း​မှာ လက်နက်ချတယ်။ ဒါ​ပေမယ့်​ ၂ ရက်​နေ့​ကျ​တော့​ သူတို့​ကို ဖမ်း​ဆီး​ပြီး​ လား​ရှိုး​ပို့​ပြီး​ ရုံး​တင်စစ်​ဆေး​တာ​ပေါ့​။ မတ်လ ၄ ရက်​နေ့​မှာ သူတို့​ကို စီရင်ချက်ချတယ်။ “အကုန်လုံး​ အမှု ၁၁ မှု​လောက်ရှိတယ်​ပြောတယ်။ ၁၁ မှုမှာ လူသတ်တာတို့​ မူး​ယစ်​ဆေး​ဝါး​ ကုန်ကူး​တာတို့​ က​လေး​စစ်သား​တို့​၊​ သူတို့​ အကုန်လုံး​ဖမ်း​တာက​တော့​ ၃၂ ​ယောက်ဖြစ်တယ်။ ၃၂ ​ယောက်မှာ ၃ ​ယောက်ကို​တော့​ အသက်ငယ်​သေး​တယ်ဆိုပြီး​တော့​ ၇ နှစ် နှစ်​ထောင်ချတယ်။ ကျန်တဲ့​ ၂၉ ​ယောက်ကို​တော့​ ​သေဒဏ်​ပေး​တယ်။ ဗိုလ်မှူး​ကြီး​ ခွန်​ကျော်က​တော့​ ​သေဒဏ် ၅ ခါထိတယ်လို့​ ​ပြောတယ်။ ၃ ​ယောက်ကို​တော့​ လား​ရှိုး​ထောင်မှာ ဆက်ချထား​တယ်။ ကျန်တဲ့​လူ​တွေကို​တော့​ မန္တ​လေး​ပို့​တယ်။ မန္တ​လေး​က​နေမှ သူတို့​လူခွဲပြီး​တော့​ တ​ယောက် တ​နေရာစီ ပို့​တာ။ ဗိုလ်မှူး​ကြီး​ ခွန်​ကျော်က​တော့​ သာယာဝတီမှာ သွား​နေရတယ်​ပြောတယ်။ သူနဲ့​နေတာလည်း​ ၄၊​ ၅ ​ယောက်​လောက် ရှိတယ်​ပြောတယ်။ ​သေ​သေချာချာ မသိရဘူး​ပေါ့​ဗျာ။ သူတို့​ တပ်မဟာက ၂၄၁ လို့​ ​ခေါ်ပါတယ်။ ” အလား​တူ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ် တပ်ဦး​ကလည်း​ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ​ကျောင်း​သား​တပ်မ​တော် ရဲ​ဘော်တချို့​ ပြန်လွတ်လာ​ပေမယ့်​ ၃၀ ​ကျော် အဖမ်း​ခံ​နေရတယ်လို့​ ​ပြောပါတယ်။ ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ ပါတီက​တော့​ သူတို့​ရဲ့​ အကျဉ်း​ကျ​နေတဲ့​ တပ်သား​စာရင်း​ကို ပြုစု​နေပြီး​ မကြာခင်ထုတ်ပြန်မယ်လို့​ ​ပြောပါတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​ ​အေ​အေပီပီက​တော့​ ပြီး​ခဲ့​တဲ့​ ၁၃ ရက်​နေ့​က လွှတ်​ပေး​သူ​တွေထဲမှာ ၂၈၇ ဦး​ စာရင်း​ ရရှိထား​တယ်လို့​ ​ပြောပါတယ်။ အေ​အေပီပီ အတွင်း​ရေး​မှူး​ ဦး​တိတ်နိုင်က “ကျ​နော်တို့​ စာရင်း​အရဆိုရင်​တော့​ ၁၀၀၀ ​လောက်ကျန်တယ်။ သို့​သော် ကျ​နော်တို့​ အခုပြန်စစ်​နေတယ်။ လုံး​ဝအတည်ပြုထား​တဲ့​ စာရင်း​တွေအရဆိုရင်​တော့​ ၆၀၀ ​ကျော် ၇၀၀ ​လောက်ကျန်တယ်။ အဓိက က​တော့​ လက်နက်ကိုင် တပ်ဖွဲ့​ကလူ​တွေ ကျန်တယ်။ ​နောက် ​ဖောက်ခွဲ​ရေး​လို့​ စွပ်စွဲထား​တဲ့​သူ​တွေ။ ​နောက်တခါ တရား​မဝင် နယ်စပ်ဖြတ်​ကျော် အဲ့​ဒါ​တွေက အများ​ကြီး​ပါ” လို့​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up