Home
မြန်မာသတင်း
တာချီလိတ်ခရိုင်၊ တာလေမြို့အနီး မြေငလျင်လှုပ်
DVB
·
April 18, 2017
ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာလေမြို့မှာ ဒီကနေ့မွန်းလွဲပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဧပြီ ၁၈ ရက် မြန်မာစံတော်ချိန် ၁၅ နာရီ ၄၅ မိနစ် ၂၀ စက္ကန့်အချိန်မှာ မန္တလေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၂၇၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (တာလေမှ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ) ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ  မြေငလျင်တခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။ ငလျင်နဲ့ပတ်သက်တဲ့ အပျက်အစီး ထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024