A d v e r t i s e m e n t With Us

အမေရိကန်တွင် သေမိန့်ပေ့းထားသူ ၂ ဦးကို မစီရင်မီ နာရီပိုင်းအလိုတွင် ရပ်ဆိုင်း

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ အာကန်းဆက်ပြည်နယ် အမှတ် ၈ ခရိုင် တရားရုံးချုပ်က သေမိန့် ပေးထားတဲ့သူ ၂ ဦးကို မစီရင်ခင် နာရီပိုင်းအလိုမှာ ရပ်ဆိုင်းလိုက်ပါတယ်။ သူတို့ရဲ့ရှေ့နေတွေက သေဒဏ်ကျတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကြတာပါ။ ဒါကြောင့် အာကန်းဆက်ပြည်နယ်ရဲ့ အကြီးဆုံး အမှတ် ၈ ခရိုင် တရားရုံးချုပ်က သေဒဏ်ကျတွေကို အဆုံးစီရင်မယ့်အရေးကနေ ရပ်တန့်လိုက်ပါတယ်။ လူသတ်မှုတရားခံ ဒွန်ဒေးဗစ်နဲ့ ဘရုစ်စ်ဝါ့ဒ်တို့ဟာ ထောင်ထဲမှာ နှစ် ၂၀ ကျော် နေခဲ့ပြီးပါပြီ။ အယူခံတရားသူကြီးက ပူးတွဲပါတရားခံ ၈ ဦးလုံးကို သတ်မိန့်ပေးထားတာ ရပ်တန့်ဖို့ အမိန့်ချခဲ့တာပါ။ အဲဒါကို စိန့်လူးဝစ္စမြို့မှာရှိတဲ့ အမှတ် ၈ ခရိုင်တရားရုံးချုပ်က သီးသန့်ချမှတ်တဲ့အမိန့်နဲ့ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။ ခရိုင်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက ပြန်လည်မပြင်ဆင်နိုင်ဘူးလို့ ခရိုင်တရားသူကြီးချုပ်ရုံးက ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up