လေဖိအားနည်းရပ်ဝန်း တကြိမ်ဖြစ်နိုင်ဟု မိုးဇလ ခန့်မှန်း


546
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ်ဖြစ်ပေါ်နိုင်ပြီး မိုးလည်းရွာဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီနေ့ပဲ သတင်းထုတ်ပါတယ်။
ဧပြီလ တတိယပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် မိုးပိုရွာနိုင်သေးတယ်၊ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာလည်း မိုးရွာနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကိုင်းတိုင်းအထက်၊ တနင်္သာရီ၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ ၅ ရက်ကနေ ၆ ရက်ခန့် မိုးရွာနိုင်သေးပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၁ ရက်ကနေ ၃ ရက်ခန့် မိုးရွာနိုင်သေးတယ်လို့လည်း ဆိုပါတယ်။
အပူချိန်အနေနဲ့တော့ ဧပြီလရဲ့ ပျမ်းမျှအပူလောက်ပဲ ရှိမယ်လို့ မိုးလေဝသဌာနရဲ့ ဧပြီ တတိယပတ် မိုးဇလခန့်မှန်းချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - မိုးဇလ