Home
မေးမြန်းခန်း
ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ ​ကျောင်း​သား​တပ်မ​တော် သ​ဘောတူ (​မေး​မြန်း​ချက်)
နေသွင်
·
January 19, 2012
အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ သ​ဘောတူ​ကြောင်း​ အ​ကြောင်း​ပြန်လိုက်ပြီလို့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်ဖ်) က ​ပြောပါတယ်။ [caption id="attachment_20185" align="alignright" width="300" caption="ကိုမျိုးဝင်း​"][/caption] ဇန်နဝါရီလ ၁၀ ရက်​နေ့​က အစိုး​ရက ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ဖို့​ တရား​ဝင် ကမ်း​လှမ်း​ထား​ချက်ကို အ​ကြောင်း​ပြန် လိုက်တာလို့​ ​ကျောင်း​သား​တပ်မ​တော်ရဲ့​ ဒုဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။ “ဟုတ်ကဲ့​ သူတို့​ဆီက ​ပေး​ပို့​လာတဲ့​ စာပါအ​ကြောင်း​အရာ​ပေါ် အ​ခြေခံပြီး​တော့​ အဓိက သူတို့​ဆီက ​ပေး​ပို့​လာတဲ့​ စာပါအ​ကြောင်း​အရာက​တော့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဖို့​သဘောထား​အ​ပေါ်မှာ အ​ခြေခံပြီး​တော့​ သူတို့​ရဲ့​စာ အပြုသ​ဘော​ဆောင်တဲ့​စာလို့​ ကျ​နော်တို့​ သုံး​သပ်ထား​တယ်​လေ။ အဲဒီအ​ခြေခံအ​ပေါ်မှာပဲ ကျ​နော်တို့​ အပြုသ​ဘော​ဆောင်တဲ့​ အခုလိုမျိုး​ကမ်း​လှမ်း​မှုကို ကျ​နော်တို့​ ကြိုဆိုတယ်။ ဒီအ​ခြေခံ​ပေါ်မှာမူတည်ပြီး​ ကျ​နော်တို့​ တုံ့​ပြန်တဲ့​စာကို ပို့​လိုက်တာပါ။” ဆိုလိုတာက ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ကိစ္စကို ​ကျောင်း​သား​တပ်မ​တော်က အဆင်သင့်​ရှိတယ်ဆိုတဲ့​ သ​ဘောမျိုး​လား​။ “ဟုတ်ကဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​အတွက် ကျ​နော်တို့​ အဆင်သင့်​ရှိ​နေပါပြီ။ ဒီဟာကို ကျ​နော်တို့​ အ​ကြောင်း​ပြန်တာပါ။” အချိန်​တွေ ​နေရာ​တွေကျ​တော့​ရော ​အေဘီအက်စ်ဒီအက်ဖ် ဘက်က ​ရွေး​ချယ်တာမျိုး​ ရှိပါသလား​။ “အဓိကအား​ဖြင့်​တော့​ ဒီကိစ္စကို ကျ​နော်တို့​ အချိန်ယူပြီး​တော့​ ​ဆောင်ရွက်ရလိမ့်​မယ်လို့​ ထင်တယ်​လေ။ ကျ​နော်တို့​ ကြိုး​ပမ်း​ချင်တာက​တော့​ ဒီကိစ္စနဲ့​ ပတ်သက်လို့​ ပထမ ကျ​နော်တို့​ အဖွဲ့​အစည်း​အတွင်း​မှာ အ​သေချာ စနစ်တကျ ညှိနှိုင်း​ဆွေး​နွေး​ဖို့​လိုတယ်။ ဗဟို​ကော်မတီအဆင့်​မှာ​တော့​ ​ဆောင်ရွက်ထား​ပြီး​ပြီ​ပေါ့​နော်။ ပြီး​တော့​ ကျ​နော်တို့​ အဖွဲ့​အစည်း​တခုရဲ့​ အကျိုး​စီး​ပွား​ဆိုတာထက်ကို တနိုင်ငံလုံး​မှာ ရှိ​နေတဲ့​ နိုင်ငံ​ရေး​ပြဿနာကို အ​ဖြေရှာနိုင်ရန်အတွက် ရည်ရွယ်ပြီး​တော့​ ​ဆောင်ရွက်မှာ ဖြစ်တဲ့​အတွက် ကျ​နော်တို့​ အ​နေနဲ့​ ဒီ​ဆောင်ရွက်မှု အ​ပေါ်မှာ အ​ခြေခံပြီး​မှ ပြည်တွင်း​ပြည်ပမှာ ရှိတဲ့​ နိုင်ငံ​ရေး​အဖွဲ့​အစည်း​တွေအား​လုံး​ရဲ့​ အကြံပြုချက်​တွေ၊​ သ​ဘောထား​တွေ ကျ​နော်တို့​ ​တောင်း​ခံသွား​မှာ ဖြစ်တယ်။” ဘယ်လိုပုံစံမျိုး​ ​တောင်း​ခံသွား​ဖို့​ စဉ်း​စား​ထား​ပါသလဲ။ “အဓိကက​တော့​ ပြည်တွင်း​နိုင်ငံ​ရေး​အင်အား​စု အသီး​သီး​ကို ကျ​နော်တို့​ရဲ့​ ခွင့်​ပြုချက်​တောင်း​ခံလွှာကို စာနဲ့​ပေး​ပို့​သွား​မှာပါ။ နိုင်ငံတကာမှာ ရှိ​နေတဲ့​ ကျ​နော်တို့​ အဖွဲ့​ဝင်​တွေ ကျ​နော်တို့​ အဖွဲ့​အစည်း​ကို တ​လျှောက်လုံး​ပံ့​ပိုး​ကူညီ​ပေး​ခဲ့​တဲ့​ ဒီမိုက​ရေစီ ချစ်မြတ်နိုး​တဲ့​ ရဲ​ဘော်​တွေအား​လုံး​ကို စာနဲ့​ တရား​ဝင်​ပေါ့​ဗျာ။ ကျ​နော်တို့​ နိုင်ငံတကာမှာလည်း​ ​အေဘီအက်စ်ဒီအက်ဖ် အလုပ်အဖွဲ့​တွေရှိတယ်၊​ အဖွဲ့​ခွဲ​တွေရှိတယ်၊​ အဖွဲ့​ဝင်​တွေရှိတယ်။ အဲဒါ​တွေ ကျ​နော်တို့​ တရားဝင်စာနဲ့​ ​တောင်း​ခံသွား​ဖို့​ ရှိတယ်။ ဒီမှာ အတူတကွ လက်တွဲတိုက်ပွဲဝင်​နေတဲ့​ အင်အား​စု​တွေကျ​တော့​ ကျ​နော်တို့​ ​တွေ့​ဆုံပြီး​တော့​မှ ကျ​နော်တို့​ရဲ့​ အမြင်သ​ဘောထား​တွေ တင်ပြမယ်၊​ အကြံပြုချက်​တွေယူမယ်၊​ ဒါ​တွေ စနစ်တကျ ​ဆောင်ရွက်ပြီး​ အ​ပေါ်မှာ အ​ခြေခံ၍ အချက်အလက်စု​ဆောင်း​ပြီး​မှ ​တွေ့​ဖို့​အတွက်ကို ကျ​နော်တို့​ စီစဉ်သွား​မှာပါ။ အခုအချိန်အထိ​တော့​ ဘယ်​နေရာမှာ ဘယ်အချိန်မှာ ​တွေ့​မယ်ဆိုတာ ဆုံး​ဖြတ်ထား​တာ မရှိ​သေး​ပါဘူး​။” ၈၈ ​နောက်ပိုင်း​က​နေ ​အေဘီအက်စ်ဒီအက်ဖ် ​ပေါ်လာတာလည်း​ နှစ်​ပေါင်း​လည်း​တော်​တော်ကြာပါပြီ။ အခု သူတို့​ဘက်က ကမ်း​လှမ်း​ချက်ကို ဘယ်အ​ခြေခံ​ပေါ်မှာ စဉ်း​စား​ပြီး​တော့​မှ ​ဆွေး​နွေး​ဖို့​အဆင်သင့်​ ဖြစ်တယ်ဆိုတာ ဆုံး​ဖြတ်ခဲ့​တာပါလဲ။ “အဓိကက​တော့​ လက်ရှိနိုင်ငံ​ရေး​အ​ခြေအ​နေ​ပေါ့​နော် လက်ရှိနိုင်ငံ​ရေး​ အ​ခြေအ​နေအ​ပေါ်မှာ မူတည်ပြီး​တော့​မှ လက်ရှိ​ပြောင်း​လဲလာတဲ့​ အ​ခြေအ​နေတချို့​ကို ထည့်​သွင်း​စဉ်း​စား​ပါတယ်။ ဒါ​ပေမဲ့​ ဒီ​ပြောင်း​လဲလာတဲ့​ အခြအ​နေကလည်း​ပဲ စစ်မျက်နှာအ​ပြောင်း​အလဲ ဖြစ်ပြီလို့​တော့​ ကျ​နော်တို့​ မယူဆ​သေး​ပါဘူး​။ ဒါ​ပေမဲ့​ နိုင်ငံ​ရေး​ပြဿနာကို နိုင်ငံ​ရေး​နည်း​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မယ်ဆိုတာ ​အေဘီအက်စ်ဒီအက်ဖ်က မူတခုအဖြစ်နဲ့​ ကျ​နော်တို့​ ခံယူထား​တာ ဖြစ်ပါတယ်။ အခုလိုမျိုး​ တန်း​တူညီတူ နိုင်ငံ​ရေး​ပြဿနာ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မယ်ဆိုတဲ့​ အ​ခြေခံအ​ပေါ်မှာ နိုင်ငံ​ရေး​ပြဿနာကို အ​ဖြေရှာခွင့်​ရရင်​တော့​ ​ဆွေး​နွေး​ဖို့​အတွက်​တော့​ ကျ​နော်တို့​မှာ​တော့​ သ​ဘောထား​ရှိပါတယ်။ ဒီ အ​ခြေခံ​ပေါ်မှာ ကျ​နော်တို့​ စဉ်း​စား​တယ်။ တပြိုင်နက်တည်း​မှာပဲ ပြည်တွင်း​စစ်ကို ရပ်စဲဖို့​အတွက် ငြိမ်း​ချမ်း​ဖို့​အတွက် ဆိုရင်​တော့​ အား​လုံး​ပါဝင်တဲ့​ဖြစ်စဉ် ဖြစ်ဖို့​လိုအပ်တယ်။ ပြီး​တော့​မှ နိုင်ငံ​ရေး​အရ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​ဖြစ်စဉ်အတွင်း​မှာ နိုင်ငံသား​အား​လုံး​ပါဝင်တဲ့​ ဖြစ်စဉ် ဖြစ်ဖို့​လိုအပ်တယ်။ အဲဒီ အ​ပေါ်မှာ အ​ခြေခံပြီး​တော့​မှ လက်တ​လော နိုင်ငံ​ရေး​အကျဉ်း​သား​တချို့​ လွှတ်​ပေး​တာ​တွေ ရှိတယ်။ ဒိထက်မက လွှတ်​ပေး​ရမယ်ဟာ​တွေ အများ​ကြီး​ ရှိ​သေး​တာ​ပေါ့​။ ဒီအ​ခြေခံအ​ပေါ်က​နေပြီး​တော့​မှ ဒီ ​တွေ့​ဆုံ​ဆွေး​နွေး​မှုအ​ပေါ်မှာ အ​ခြေခံပြီး​တော့​ နည်း​လမ်း​တခုအဖြစ်နဲ့​ သွား​ပြီး​တော့​ ဒီ​နေ့​ကာလမှာ ကျ​နော်တို့​ ကြိုစား​သင့်​တယ်။ ကျ​နော်တို့​လိုချင်တဲ့​ နိုင်ငံ​ရေး​ရည်မှန်း​ချက်၊​ နိုင်ငံ​ရေး​သ​ဘောထား​တွေ ကျ​နော်တို့​ တင်ပြမယ်။ လက်ခံတာ လက်မခံတာ သူတို့​ကိစ္စ။ ကျ​နော်တို့​ တင်ပြရမှာ ကျ​နော်တို့​ ကိစ္စလို့​ သ​ဘောထား​ပြီး​တော့​မှ ​တွေ့​မယ်ဆိုတဲ့​ သ​ဘောထား​ကို ကျ​နော်တို့​ စဉ်း​စား​လိုက်တာပါ။ ထုတ်ပြန်လိုက်တာပါ။” တွေ့​ဆုံ​ဆွေး​နွေး​ပွဲမှာ အနည်း​ဆုံး​ လိုချင်တဲ့​အချက်​တွေက ဘယ်လိုအချက်​တွေ ဖြစ်မလဲ။ “အခုဆိုရင် ကျ​နော်တို့​ ဒီအချက်အလက်​တွေကို စနစ်တကျ ပြင်ဆင်​နေတုန်း​ကာလပဲ ဖြစ်ပါတယ်။ ဒီအ​ပေါ်မှာ ဒီအချက်​တွေကို အဆင်သင့်​မဖြစ်​သေး​ဘူး​ဆိုတာပဲ ​ပြောလို့​ရမယ်။ အ​ခြေခံအား​ဖြင့်​ ကျ​နော်တို့​လိုချင်တဲ့​ ဒီမိုက​ရေစီနဲ့​ လူ့​အခွင့်​အ​ရေး​၊​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​၊​ စစ်မှန်တဲ့​ ဖက်ဒရယ်ပြည်​ထောင်စုတည်​ဆောက်​ရေး​၊​ ဒီအ​ခြေခံ​တွေအ​ပေါ်မှာပဲ ကျ​နော်တို့​ ခိုင်ခိုင်မာမာ ရပ်တည်ပြီး​ သွား​မှာပါ။” ကျောင်း​သား​တပ်မ​တော်ဟာ ​ကျောင်း​သား​တွေ ဦး​ဆောင်တဲ့​ ၁၉၈၈ လူထုအ​ရေး​တော်ပုံကို စစ်တပ်က အကြမ်း​ဖက် ဖြိုခွင်း​ပြီး​တဲ့​နောက်မှာ လက်နက်ကိုင် ​တော်လှန်​ရေး​လုပ်ဖို့​ နယ်စပ်ကို ထွက်လာတဲ့​ ​ကျောင်း​သား​တွေနဲ့​ စတင် ဖွဲ့​စည်း​ခဲ့​တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024