ပြုံယမ်းမြို့အပေါ်တွင် မုန်တိုင်းတိမ်များ လွှမ်းခြုံနေ

ဓာတ်ပုံ - ရိုက်တာ
649
မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမြို့အပေါ်မှာ မုန်တိုင်းတိမ်တွေ လွှမ်းခြုံနေတာကို ဧပြီ ၁၈ ရက်နေ့က တွေ့ရပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာတော့ စစ်ရေးတင်းမာမှုတွေ ဆက်တိုးနေတာပါ။
ဧပြီ ၁၇ ရက်က ဗလာဒီဗိုစတော့ခ်၊ ဘေကျင်းနဲ့ ရှန်းယန်မြို့တွေဆီကို ပျံသန်းမယ့် သတင်းထောက်တွေကို တင်ထားတဲ့ လေကြောင်းခရီးစဉ်တွေ နာရီနဲ့ချီပြီး နှောင့်နှေးခဲ့ပါတယ်။
လေကြောင်းခရီးစဉ် နှောင့်နှေးရတာ မိုးတိမ်တွေကြောင့်လို့ မြောက်ကိုရီးယား လေကြောင်းလိုင်း အဲကိုရီယိုက ပြောပါတယ်။
ဧပြီ ၁၈ ရက်မှာ တောင်ကိုရီးယားကနေ ဂျပန်ကို ခရီးဆက်တဲ့ အမေရိကန် ဒု-သမ္မတ မိုက်ခ်ပန့်စ်ကတော့ ဗျူဟာမြောက် သည်းခံတဲ့ခေတ် ကုန်ပြီလို့ မြောက်ကိုရီးယားကို သတိပေးပါတယ်။
အမေရိကန်ရဲ့ မဟာမိတ်ခေါင်းဆောင်တွေကိုလည်း သံမဏိမဟာမိတ်ဖြစ်ကြောင်း ထပ်ပြီး အာမခံ ပြောဆိုပါတယ်။
မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်မှုကို အာခံပြီး ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ တရစပ် လုပ်ခဲ့ပါတယ်။