A d v e r t i s e m e n t With Us

ရာသီကုန်တွင် အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ချဲလ်ဆီးမှ ထွက်ခွာတော့မည်

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီဟာ ဒီနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ တယ်ရီဟာ ချဲလ်ဆီးအသင်းမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ကစားသမားဘဝကို အဆုံးသတ်တော့မှာပါ။ အသက် ၃၆ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်း တယ်ရီဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအတွက် ပွဲပေါင်း ၇၁၃ ပွဲ ကစားပေးခဲ့ရာ ၅၇၈ ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။ တယ်ရီဟာ ချဲလ်ဆီးအသင်းမှာ တတိယမြောက် ပွဲအများဆုံး ကစားခွင့်ရသူလည်း ဖြစ်ပါတယ်။ တယ်ရီဟာ ဒီနှစ်ရာသီထဲ ချဲလ်ဆီးမှာ ပုံမှန်ပွဲထွက်ကစားခွင့် မရတဲ့အတွက် အသင်းနဲ့ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up