DVB Logo
Home
မြန်မာသတင်း
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲလုပ်မည်
DVB
·
January 19, 2012
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲလုပ်မည်
Donate to DVB

မကြာခင်က ​ထောင်ကပြန်လွတ်လာကြတဲ့​ ကိုမင်း​ကိုနိုင် ဦး​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​တွေက ​ရှေ့​ဆက်သွား​မယ့်​ လုပ်ငန်း​စဉ်နဲ့​ ပတ်သက်လို့​ လာမယ့်​ စ​နေ​နေ့​မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်မယ်လို့​ ၈၈ မျိုး​ဆက် ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုမြ​အေး​က ​ပြောပါတယ်။

“အဓိကက​တော့​ ကျ​နော်တို့​ ၈၈ ​တွေအ​နေနဲ့​ ဘာလုပ်ခဲ့​တယ်၊​ ဘယ်လို​နေရာမှာ ရပ်​နေတယ်၊​ ဘယ်ကိုသွား​မယ်ဆိုတဲ့​ဟာကို ကျ​နော်တို့​ ရှင်း​ရှင်း​လင်း​လင်း​ ​ပြောသွား​မှာ ဖြစ်ပါတယ်။”

ရန်ကုန်မြို့​ ပြည်လမ်း​မှာရှိတဲ့​ ​တော်ဝင်စင်တာမှာ ​နေ့​လယ် ၂ နာရီက​နေ ၄ နာရီအထိ မီဒီယာ​တွေကို ဖိတ်ကြား​ပြီး​ ရှင်း​လင်း​သွား​မယ်လို့​ ဆိုပါတယ်။

လက်ရှိနိုင်ငံ​ရေး​အခင်း​အကျင်း​မှာ ၈၈ မျိုး​ဆက်​တွေ ကြား​ထဲမှာ သ​ဘောထား​ကွဲတာ​တွေ ဖြစ်​ပေါ်နိုင်တယ်လို့​ ကြိုတင်ခန့်​မှန်း​တာ​တွေ ရှိ​နေ​ပေမယ့်​ တပတ်ကြာ ​ဆွေး​နွေး​မှု​တွေအပြီး​မှာ ၈၈ မျိုး​ဆက်​တွေအား​လုံး​ တညီတညွတ်တည်း​ ရှိ​နေတယ်လို့​ ကိုမြ​အေး​က ​ပြောပါတယ်။

“ကျ​နော်တို့​ ​ထောင်ကလွတ်လာတဲ့​လူ​တွေ အား​လုံး​ တသ​ဘောတည်း​၊​ တသား​တည်း​၊​ တ​သွေး​တည်း​ ရှိ​နေတယ် အား​လုံး​က။ ဘာမှ ကျ​နော်တို့​မှာ သ​ဘောထား​ကွဲလွဲမှု မရှိဘူး​။ ကျ​နော်တို့​ ၈၈ ထဲမှာ အား​လုံး​ တသား​တည်း​ ရှိ​နေပါတယ်။ သ​ဘောထား​တွေလည်း​ တထပ်တည်း​ပါ။ ကျ​နော်တို့​ လွတ်လာပြီး​တော့​ ရက်ပိုင်း​မှာ ​တောက်​လျှောက်​ပေါ့​နော်။ ကျ​နော်တို့​ တပတ်တိတိ ဆွေး​နွေး​ပြီး​တဲ့​ အခါမှာ ဆုံး​ဖြတ်ချက်​တွေ ကျပါပြီ။ ကျ​နော်တို့​ ဆုံး​ဖြတ်ထား​တဲ့​အတိုင်း​ပဲ သတင်း​စာရှင်း​လင်း​ပွဲမှာ အ​သေး​စိတ် ​ပြောသွား​မှာ ဖြစ်ပါတယ်။”

၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ဟာ ၂၀၀၇ ​လောင်စာဆီ ​ဈေး​နှုန်း​မြင့်​တက်သွား​တာကို မ​ကျေနပ်လို့​ လမ်း​လျှောက်ဆန္ဒပြစဉ် အဖမ်း​ခံရပြီး​၊​ နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်ခံရက​နေ ပြီး​ခဲ့​တဲ့​ တပတ်က ပြန်လည် လွတ်​မြောက်လာကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013