မန်ယူကို ရှုံးနိမ့်ခဲ့မှုအပေါ် တာဝန်ယူကြောင်း ချဲလ်ဆီးနည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
958
မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးတဲ့ အရှုံးရလဒ်အတွက် တာဝန်ယူတယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောလိုက်ပါတယ်။
ဧပြီ ၁၆ ရက်နေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ အဝေးကွင်းမှာ မန်ယူကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး ဂိုးပေါက်ကန်သွင်းခွင့်တောင် သေချာမရဘဲ ရှုံးခဲ့တာပါ။
ဒီပွဲရှုံးလို့ ချဲလ်ဆီးဟာ အမှတ်ပေးဇယားမှာ ဒုတိယနေရာက စပါးအသင်းကို ၄ မှတ်ပဲ ဖြတ်ထားနိုင်ပါတော့တယ်။
ချဲလ်ဆီးနည်းပြ ကွန်တီကတော့ အဲဒီပွဲမှာ အသင်းအနေနဲ့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး၊ မန်ယူကတော့ အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်လို့ ပြောဆိုပါတယ်။
ဒါ့အပြင် မန်ယူအသင်းက နိုင်လိုစိတ်ပြင်းပြပြီး ရည်မှန်းချက်လည်း ပိုကြီးတာကို ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လောလောဆယ် ပရီးမီးယားလိဂ်မှာ လက်ကျန်ပွဲစဉ် ၆ ပွဲ ကျန်ရှိနေပါတယ်။
လက်ကျန်ပွဲစဉ်တွေမှာ ချဲလ်ဆီးက တပွဲလောက်ပဲ ပွဲကြပ်ကစားရဖို့ရှိပြီး စပါးအသင်းကတော့ အာဆင်နယ်၊ မန်ယူတို့နဲ့ ဆုံရမှာမို့ ချဲလ်ဆီးထက်ပိုပြီး ပွဲကြပ်တွေကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။