DVB Logo
Home
မြန်မာသတင်း
ဥ​ရောပသမဂ္ဂ၏ မြန်မာပြည်မူဝါဒ ပိုမို​ကောင်း​မွန်လာနိုင်
DVB
·
January 19, 2012
ဥ​ရောပသမဂ္ဂ၏ မြန်မာပြည်မူဝါဒ ပိုမို​ကောင်း​မွန်လာနိုင်
Donate to DVB

မြန်မာနိုင်ငံရဲ့​ တိုး​တက်​ပြောင်း​လဲမှုများ​ကြောင့်​ မူဝါဒ​တွေကို ပြန်လည်သုံး​သပ်ဖို့​ ဥ​ရောပသမဂ္ဂ (အီး​ယူ) က လာမယ့်​ တနင်္လာ​နေ့​ ​ဆွေး​နွေး​ရာမှာ အပြုသ​ဘော​ဆောင်တဲ့​ တိုး​တက်မှု​တွေရှိလာနိုင်တယ်လို့​ ဆိုပါတယ်။

အဖွဲ့​ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့​ ဥ​ရောပသမဂ္ဂက လာမယ့်​ တနင်္လာ​နေ့​ကျရင် မြန်မာပြည်ဆိုင်ရာ မူဝါဒ​တွေကို သုံး​သပ်ကြမှာ ဖြစ်ပါတယ်။

အီး​ယူ​ပြောခွင့်​ရ Maja Kocijancic က “အီး​ယူက မြန်မာပြည်နဲ့​ ပတ်သက်တဲ့​ မူဝါဒ​တွေကို ပြန်လည် သုံး​သပ်တာ လုပ်​ဆောင်ခဲ့​ပြီး​ပါပြီ။ အီး​ယူနိုင်ငံက နိုင်ငံခြား​ရေး​ဝန်ကြီး​တွေ အား​လုံး​ဟာ တနင်္လာ​နေ့​မှာ မြန်မာ့​အ​ရေး​ကို ​ဆွေး​နွေး​ကြပါလိမ့်​မယ်။ ​နောက်ဆုံး​ တိုး​တက်လာတာနဲ့​ ကျမတို့​ရဲ့​ သုံး​သပ်ချက်​တွေကိုလည်း​ ဒီတပတ်မှာ ​ဆွေး​နွေး​မှာပါ။ အခုချိန်မှာ​တော့​ ကျမတို့​ ချမှတ်ထား​တာ​တွေက ဧပြီမှာ အဆုံး​သတ်ပါမယ်။”

ပြီး​ခဲ့​တဲ့​နှစ် ဧပြီလက မူဝါဒ ပြန်လည် သုံး​သပ်တုန်း​က မြန်မာအ​ပေါ် အီး​ယူရဲ့​ ဒဏ်ခတ်အ​ရေး​ယူမှုကို တနှစ် ထပ်မံ သက်တမ်း​တိုး​ခဲ့​ပါတယ်။

ပုံမှန်အား​ဖြင့်​ နှစ်စဉ်တိုင်း​မှာ ဧပြီလကျမှ ဒဏ်ခတ်ပိတ်ဆို့​မှု ရုပ်သိမ်း​ရေး​ ဆက်လက်ထား​ရှိ​ရေး​ ဆုံး​ဖြတ်​နေကျ ဖြစ်​ပေမယ့်​ မြန်မာနိုင်ငံရဲ့​ နယ်ပယ်အသီး​သီး​က ဖြစ်ထွန်း​မှု​တွေအ​ပေါ် အ​ခြေပြုပြီး​ ​ဖေ​ဖော်ဝါရီလကစပြီး​ အ​ရေး​ယူထား​တာ ရုပ်သိမ်း​နိုင်ဖွယ် ရှိ​နေတယ်လို့​လည်း​ ခန့်​မှန်း​တွက်ချက်မှု​တွေ ရှိ​နေပါတယ်။

ဒါနဲ့​ပတ်သက်လို့​ အီး​ယူ​ပြောခွင့်​ရ Maja Kocijancic က “မြန်မာနိုင်ငံက ပြုပြင်​ပြောင်း​လဲ​ရေး​ လုပ်​ဆောင်ခဲ့​တာ​တွေက ထင်မှတ်ထား​တာထက် ပိုတာသွား​နေတာကို ​တွေ့​ခဲ့​တဲ့​အတွက် ပြန်လည်သုံး​သပ်တာ​တွေက အပြုသ​ဘောဆန်တဲ့​ တိုး​တက်​ပြောင်း​လဲတာ​တွေ ရှိလာမှာပါ။ ဒါ​ပေမယ့်​ ပိတ်ဆို့​အ​ရေး​ယူတာ​တွေအတွက် အ​ပြောင်း​အလဲနဲ့​ ပတ်သက်တဲ့​ အချိန်အတိအကျကို​တော့​ ကျမ မ​ပြောနိုင်ပါဘူး​” လို့​ ​ပြောပါတယ်။

အီး​ယူ နိုင်ငံခြား​ရေး​ဝန်ကြီး​ ကတ်သရင်း​ အက်ရှ်တွန်ကလည်း​ မကြာခင် မြန်မာနိုင်ငံကို သွား​ရောက် လည်ပတ်ဖို့​ရှိ​နေပါတယ်။

လက်ရှိမှာ မြန်မာအစိုး​ရက နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ခဲ့​သလို နိုင်ငံ​ရေး​ဖြစ်ထွန်း​တိုး​တက်မှု တချို့​ဖြစ်ထွန်း​ခဲ့​ပြီး​တဲ့​ ​နောက် အီး​ယူက ခရီး​သွား​လာမှု ပိတ်ပင်ထား​မှု တချို့​ ရုပ်သိမ်း​ပေး​ခဲ့​တဲ့​အပြင် ရန်ကုန်မှာ အီး​ယူရဲ့​ ရုံး​တခု ဖွင့်​မယ်လို့​ ​ကြေညာခဲ့​ပါတယ်။

ပိတ်ဆို့​အ​ရေး​ယူတာ အဆုံး​သတ်​စေဖို့​ နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ လွှတ်​ပေး​ဖို့​နဲ့​ အတိုက်အခံ​တေါနဲ့​ စကား​ပြောဖို့​ အီး​ယူက အစိုး​ရကို ​တောင်း​ဆိုခဲ့​ပါတယ်။

မြန်မာအစိုး​ရကလည်း​ အထင်ကရ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို လွှတ်​ပေး​သလို ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​ဆွေး​နွေး​ခဲ့​ပြီး​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေနဲ့​လည်း​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013