Home
မြန်မာသတင်း
ဒိုက်ဦးမြို့တွင် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းမိ
DVB
·
April 17, 2017
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ဒရယ်မီးလမ်းဆုံမှာ ဧပြီ ၁၆ ရက်နေ့က တရားပိတောက်ခွဲသားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သတင်းအရ မြို့နယ် သစ်တောဦးစီးနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မန္တလေးဘက်ကနေ ရန်ကုန်ဘက် ယာဉ်မောင်း နေမျိုးဦး ယာဉ်နောက်လိုက် သန့်ဇင်ဦးတို့ မောင်နှင်လာတဲ့ ၆ ဘီးယာဉ်အား ဒရယ်မီးလမ်းဆုံမှာ ရပ်တန့်ရှာဖွေရာ တရားမဝင်ပိတောက်ခွဲသားဆိုဒ်စုံ (၂၇) ချောင်း၊ ကာလတန်ဖိုး ၇ သိန်း နီးပါးတို့ကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ တရားမဝင်သစ် သယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် တို့ကို သစ်တောဥပဒေပုဒ်မ ၄၂ (ခ) အရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024