DVB Logo
Home
မြန်မာသတင်း
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ကြေညာချက်နှစ်ခု ထုတ်ပြန်
DVB
·
January 19, 2012
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ကြေညာချက်နှစ်ခု ထုတ်ပြန်
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဒီ​နေ့​ရက်စွဲနဲ့​ ​ကြေညာချက်နှစ်ခု ထုတ်ပြန်ခဲ့​ပါတယ်။

တခုက အဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​မှာ အတွင်း​ရေး​မှူး​အဖွဲ့​ တာဝန်​ပေး​လိုက်တာဖြစ်ပြီး​၊​ ​နောက်တခုက ပါတီဝင်​လျှောက်လွှာ​တွေနဲ့​ ပတ်သက်တဲ့​ ​ကြေညာချက်​တွေ ဖြစ်ပါတယ်။

ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​မှာ ဦး​ဥာဏ်ဝင်း​၊​ ဦး​အုန်း​ကြိုင်နဲ့​ ဦး​ဟံသာမြင့်​တို့​ ၃ ဦး​ကို အတွင်း​ရေး​မှူး​ အဖွဲ့​ဝင်​တွေအဖြစ် တာဝန်​ပေး​လိုက်တဲ့​အ​ပေါ် အဖွဲ့​ဝင်တဦး​ဖြစ်တဲ့​ ဦး​ဥာဏ်ဝင်း​က ခုလို ​ပြောပါတယ်။

“ကျ​နော်တို့​ နဂိုကတည်း​က ဖွဲ့​စည်း​ပုံမှာ အတွင်း​ရေး​မှူး​ အဖွဲ့​ ပါ ပါတယ်။ အရင်တခါ စီအီး​စီ ဖွဲ့​တဲ့​အခါမှာ ကျ​နော်တို့​ အတွင်း​ရေး​မှူး​ မပါသွား​သေး​ဘူး​။ အဲဒါ ဖွဲ့​စည်း​ပုံနဲ့​အညီ အခု ထပ်ပြီး​တော့​ အတွင်း​ရေး​မှူး​ ၃ ​ယောက် ဒီ​နေ့​ ဆုံး​ဖြတ်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ကို နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​ အား​လုံး​ ​ထောက်ပံ့​ပေး​ဖို့​ပေါ့​ဗျာ အဓိက က​တော့​။”

ပါတီဝင်​လျှောက်လွှာ​တွေရဲ့​ ​ကြေညာချက်နဲ့​ ပတ်သက်ပြီး​လည်း​ ဦး​ဥာဏ်ဝင်း​က ခုလို ​ပြောပါတယ်။

“​လျှောက်လွှာ​တွေ ကိစ္စကို မြို့​နယ်​တွေမှာ သူတို့​ စိစစ်တယ် ဘာညာ ဒီလိုလုပ်ရင် ကျ​နော်တို့​က ဒီမိုက​ရေစီ ပါတီဆိုတာ စိစစ်ဖို့​ မလိုဘူး​။ ဝင်ချင်တဲ့​လူ ဝင်ခွင့်​ပေး​မယ်။ ဝင်ဖို့​ မသင့်​တဲ့​ လူကို​တော့​ ကျ​နော်တို့​ တမျိုး​စဉ်း​စား​မယ် ဒါပဲ။ အများ​ကို​တော့​ ဝင်ခွင့်​ပေး​မယ်။ အဲဒီ​တော့​ ​အောက်​ခြေမှာ အယူအဆ​တွေ လွဲမှာစိုး​လို့​ အား​လုံး​ကို လက်ခံပြီး​တော့​ ကျ​နော်တို့​ဆီ တင်​ပေး​ဖို့​ ကျ​နော်တို့​ အဲဒီလို ထုတ်လိုက်တာပါ။”

အဲ့​ဒီ​ကြေညာချက်မှာပဲ အဖွဲ့​ချုပ် ကိုယ်စား​လှယ်​လောင်း​တွေ နယ်​မြေကွင်း​ဆင်း​ကြတဲ့​အခါ ဗဟို​အောင်နိုင်​ရေး​ အဖွဲ့​ရဲ့​ ခွင့်​ပြုချက်နဲ့​ အခြား​ပါတီ၊​ အဖွဲ့​အစည်း​တွေနဲ့​ ပါဝင် ​ဆောင်ရွက်ကြဖို့​ ဆိုတဲ့​အချက်လည်း​ ပါဝင်ပါတယ်။

ဒီအချက်ဟာ ဆက်သွယ်တာကို တား​မြစ်တာမဟုတ်ဘဲ ​အောင်နိုင်​ရေး​အဖွဲ့​ရဲ့​ သ​ဘောတူညီချက်နဲ့​လုပ်ဖို့​ ​ပြောတာလို့​ ဦး​ဥာဏ်ဝင်း​က ရှင်း​ပြပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ ၄၈ ဦး​စလုံး​ရဲ့​ နာမည်စာရင်း​ကို ထုတ်ပြန်ခဲ့​ပြီး​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013