ယင်းချောင်းရေ ပြင်းထန်စွာ စီးဆင်းမှုကြောင့် လယ်မြေများ ရေတိုက်စားပျက်စီး
DVB
·
April 17, 2017
ဧပြီ ၁၇ ရက်နေ့ မနက်စောစောက ယင်းချောင်းရေ ပြင်းထန်စွာ စီးဆင်းခဲ့တာကြောင့် နတ်မောက်ရေလွှဲဆည်အောက် ပေ ၄၀၀၀ လောက်အကွာမှာရှိတဲ့ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ရွာက လယ်မြေတွေ ရေတိုက်စားခံခဲ့ရပါတယ်။
အခုချိန်အထိ လယ်မြေ ၁၀ ဧကလောက် ပျက်စီးခဲ့ပြီး ရေက ဆက်လက်တိုက်စားနေဆဲ ဖြစ်ပါတယ်။
မကွေးတိုင်း မြစ်ကြောင်းထိန်းသိမ်းရေးဌာနက လက်ထောက်ညွန်ကြားရေးမှူးနဲ့ မြေတိုင်းအဖွဲ့တွေ လာရောက်ကြည်ရှုသွားတာတော့ ရှိပါတယ်။
အခုလို ရေကြီးပြီးလို့ ချောင်းရေ ပြန်ကျသွားရင်လည်း မြေပြိုကျတာတွေ ရှိပါတယ်။
အရင်နှစ်ကလည်း ရေတိုက်စားမှုကြောင့် လယ်မြေတွေ ပျက်စီးခဲ့ပြီး မိုးမတိုင်ခင် ပြင်ဆင်ပေးနိုင်ဖို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က အုပ်ချုပ်ရေးဌာနတွေကို မနှစ်တုန်းက တင်ပြခဲ့ဖူးပါတယ်။