Home
မြန်မာသတင်း
ဂျပန်နိုင်ငံရောက် မြန်မာလူငယ်များ သင်္ကြန်ပွဲတော် ကျင်းပ
ဇော်ဇော်လှိုင်
·
April 17, 2017
ဂျပန်နိုင်ငံရောက် မြန်မာကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး တိုကျို (ယော်ယော်ဂိ) Yoyogi ပန်းခြံမှာ ဧပြီလ ၁၆ ရက်နေ့က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ပြီး သင်္ကြန် အဆိုအကတွေနဲ့ မြန်မာ့ရိုးရာ သံချပ်တွေ တင်ဆက်ခဲ့ကြပါတယ်။ သင်္ကြန်ပွဲတော်မှာ မြန်မာ့ရိုးရာ အစားအစာတွေနဲ့ တည်ခင်းဧည့်ခံပြီး သင်္ကြန် ရေလောင်းကစားခဲ့ကြပါတယ်။ ဂျပန်ရောက် မြန်မာနိုင်ငံသား အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စွာ အတူတူ သင်္ကြန် အမှတ်တရ ဆင်နွှဲစေချင်တာကြောင့် အခုလို ကျင်းပရတာလို့ ပွဲဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ ဒေါ်က်တာ ချောကြည်သာသူက ဒီဗွီဘီကို ပြောပါတယ်။ ဂျပန်ရောက် မြန်မာတွေ သင်္ကြန်အထိမ်းအမှတ် ကုသိုလ်ကောင်းမှု အလှူအတန်းလုပ်တာ၊ ဂျပန်နိုင်ငံ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီးမှာ ခေတ္တကြွရောက်သီတင်းသုံးနေတဲ့ ဓမ္မဘေရီဆရာတော်ကြီးနဲ့ ဓမ္မဂင်္ဂါဆရာတော်တို့ကို ဆွမ်းကပ်၊ တရားဓမ္မနာယူတွေတွလည်း ပြုလုပ်ခဲ့ကြပါတယ်။ စတုဒီသာအလှူရှင် ဒေါ်နွဲ့နွဲ့ရီက “မြန်မာ့ရိုးရာဓလေ့ အလှူရေစက် လက်နဲ့မကွာ ဆိုတာကို ဂျပန်မျိုးတွေနဲ့ ဂျပန်မှာ မွေးတဲ့ကလေးတွေကို သိစေချင်လို့ ဂျပန်ရောက်မြန်မာတွေကို သင်္ကြန်မုန့်လက်ဆောင်း အပါအဝင် သင်္ကြန်အစားအစာတွေကို စတုဒိသာလုပ်ရတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024