Home
မြန်မာသတင်း
မောင်တောမြို့ သင်္ကြန်ပွဲတော် စတင်
DVB
·
April 17, 2017
နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့မှာမှ စတင်လေ့ရှိတဲ့ မောင်တောမြို့ရဲ့ သင်္ကြန်ပွဲကို ခရိုင် အုပ်ချုပ်ရေးမှူးရုံးရှေ့က ဗဟိုမဏ္ဍပ်မှာ နေ့လယ် ၁၂ နာရီက ဖွင့်ပွဲအခမ်းအနား ပြုလုပ်ပြီး စတင်လိုက်ပါတယ်။ မောင်တောခရိုင်ထဲမှာ ဘူးသီးတောင်နဲ့ မောင်တော နှစ်မြို့ရှိပြီး သင်္ကြန်ပွဲကို တလှည့်စီ ကျင်းပကြပြီး အပြန်အလှန် ပူးပေါင်းဆင်နွှဲကြတာပါ။ မောင်တောသင်္ကြန်ကို ဧပြီ ၁၉ ရက်နေ့ထိ ဆင်နွှဲကြပြီး ၂၀ ရက်နေ့မှာ အလယ်သံကျော် ကမ်းခြေသင်္ကြန်ပွဲ ဆင်နွှဲပြီးမှ ပြီးဆုံးမှာပါ။ ရိုးရာအစဉ်အလာအတိုင်း ကျင်းပတဲ့ သင်္ကြန်ပွဲမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေး တင်ကျပ်ပြီး ဆင်နွှဲနေကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024